တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးကို စွပ်စွဲပြစ်တင်တဲ့အမှုမှာ တာဝန်ယူထားရတဲ့တရားသူကြီးတွေထဲကတစ်ဦးဖြစ်တဲ့ အမျိုးသမီးသမီးတရားသူကြီးတစ်ဦးဖြစ်သူ Lee Jung-miဟာ တရားခွင်ကိုလာရောက်တဲ့အချိန်မှာ ဓာတ်ပုံဆရာတွေအလုအယက်ဝိုင်းဓာတ်ပုံရိုက်တာကို ခံခဲ့ရပါတယ်။

အကြောင်းကတော့ သူမရဲ့ဆံပင်နောက်ပိုင်းက မဖြေရသေးတဲ့ ဆံပင်ပုံစံသွင်းတဲ့ ပန်းရောင်ဆံပင်အလိပ်နှစ်လိပ််ကြောင့်ပဲဖြစ်ပါတယ်။ သူမဟာ ဓာတ်ပုံဆရာတွေဓာတ်ပုံအလုအယက်ဝိုင်းရိုက်နေပေမယ့် သူမရဲ့ဆံပင်ကြောင့်ဆိုတာကို သတိပြုမိပုံမပေါ်ဘဲ တရားခွင်ထဲကို အစောင့်တွေနဲ့အတူ ခပ်သွက်သွက်လျှောက်သွားတာကိုတွေ့ရမှာပါ။

ဒီပုံတွေကိုကြည့်ပြီး အင်တာနက်အသုံးပြုသူတွေကတော့ အမျိုးသမီးတရားသူကြီးအနေနဲ့ အလုပ်အရမ်းများလို့ဖြစ်မယ်လို့ထင်ကြေးပေးခဲ့ကြပြီး တစ်ချို့တွေကတော့ ဖက်ရှင်စတိုင်အသစ်လို့ ပြက်ရယ်ပြုခဲ့ကာ တစ်ချို့လူတွေကတော့ တရားရုံးကိုမထီမဲ့မြင်ပြုရာကျတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

Source : CGTN

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။