ပရိတ်သတ်ကြီးရေ...ဆုပန်ထွာဆိုတာ ဟိုးအရင်တစ်ခေတ်တစ်ခါကနေ အခုချိန်ထိလုံးဝနာမည်ကျသွားသေးဘဲ ပရိတ်သတ်တွေအားပေးမှုတစ်ခဲနက်ရရှိနေဆဲမင်းသမီးတစ်လက်ဖြစ်ပါတယ်။ အိမ်ထောင်ရက်သားကျပြီးတဲ့နောက်မှာလည်း ပျော်ရွှင်စရာ မိသားစုကမ္ဘာလေးကိုပိုင်ဆိုင်နေရတဲ့ ကံအကောင်းဆုံး အနုပညာရှင်အိမ်ထောင်ရှင်မတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။

ချစ်စရာအရမ်းကောင်းတဲ့ Roar Roarလေးကိုမွေးထုတ်ပေးထားတဲ့မိခင်လည်းဖြစ်ပြီး အမေတူလေးဖြစ်တဲ့ Roar Roarလေးကတော့ ချစ်စရာလည်းအရမ်းကောင်းလွန်းတာကြောင့် ပရိတ်သတ်တွေသာမက မြင်သူတိုင်းအသည်းတယားယားဖြစ်နေကြရပါတယ်။ ပြီးတော့ Roarလေးဟာ မေမေ ဆုပန်ထွာရဲ့စကားကိုအရမ်းနားထောင်တတ်တဲ့ အရမ်းလိမ္မာတဲ့ သားလေးတစ်ယောက်လည်းဖြစ်ပါတယ်။

အခုလည်း မေမေဆုပန်ထွာသင်ပေးထားတာကြောင့် မနက်တိုင်း သူဝတ်တဲ့ ဒိုက်ဗာကို အမှိုက်ပုံးထဲစနစ်တကျစွန့်ပစ်တတ်တဲ့ အကျင့်ကောင်းလေးတစ်ခုရှိသွားခဲ့ပါတယ်။ ဆုပန်ထွာဟာ မိမိစကားကိုအရမ်းနားထောင်ပြီး အရမ်းကိုလိမ္မာတဲ့ သားလေးက သူ့ဒိုက်ဗာအဟောင်းကိုအမှိုက်ပုံးထဲ စနစ်တကျစွန့်ပစ်နေတဲ့ဗီဒီယိုဖိုင်လေးကို ဂုဏ်ယူစွာနဲ့ လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြခဲ့ပါတယ်။ ကဲ... ပရိတ်သတ်ကြီးရေ ကလေးအရွယ် ပေါက်စလေးကတောင် ဒီလိုစည်းကမ်းလိုက်နာနေရင် လူကြီးတွေလည်းပိုလိုက်နာသင့်တယ်လို့ ဒီဗီဒီယိုလေးကပြနေပါတယ်နော်။

Source:Supan Htwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။