ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်သားသမီးလေးတွေထဲမှာတော့ ဦးခင်လှိုင်ရဲ့ သမီးလေးဖြစ်တဲ့ သဇင်ထူးမြင့် ကလည်းပါဝင်လို့နေပါတယ်။

သူမကတော့ ပညာရေးတဖက်နဲ့ဖြစ်တာကြောင့် လက်ရှိအချိန်မှာ အနုပညာအလုပ်တွေကို အရမ်းကြီးမလုပ်ကိုင်သေးပေမယ့် သူမလက်လှမ်းမှီသလောက် အနုပညာအလုပ်တွေကိုတော့ လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။ 

မကြာသေးမီရက်ပိုင်းလေးကဆိုလို့ရှိရင်လည်း သဇင်ထူးမြင့်ဟာ သူမတက်ရောက်ပညာသင်ကြားနေတဲ့ Hospitality & Business Management ကျောင်းအတွက် CHRISTMAS ကြော်ငြာဓာတ်ပုံလေးတွေရိုက်ကူးပေးခဲ့ပါတယ်။

ဒီပုံလေးတွေထဲမှာဆိုရင်လည်း သူမရဲ့လှပလှတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေဖြစ်တဲ့ ပါးလွှာနဲ့ နှုတ်ခမ်းလေးနဲ့ ဝင်းလက်နေတဲ့ သူမရဲ့မျက်ဝန်းလေးတွေက ပရိသတ်တွေရဲ့စိတ်နှလုံးကို ဖမ်းစားနိုင်ခဲ့တဲ့ အဓိကအချက်လေးတွေဖြစ်လို့နေပါတယ်။

အကြည့်စူးစူးလေးနဲ့တောင်မကြည့်ဘဲ ဒီအတိုင်းသာမန်လေးသာကြည့်နေတာတောင် သူမရဲ့အကြည့်တွေက အသက်ပါလှတာကြောင့် ဒီအကြည့်လေးတွေမှာကြွေဆင်းသွားကြတဲ့ သူတွေလည်း များစွာရှိနေကြပါတယ်။ 

လူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း သူမရဲ့ချစ်စရာကောင်းတဲ့အလှလေးတွေကြောင့် ဦးခင်လှိုင်ကို ယောက္ခထီး တော်ချင်ပါတယ်ဆိုပြီး စနောက်ရေးသားနေကြသူတွေများစွာတွေ့ရပါတယ်။

ပရိသတ်တွေရော ဦးခင်လှိုင်ရဲ့ သမီးလေး သဇင်ထူးမြင့်ကို ချစ်ပေးကြမှာလား ၊ သူမအနုပညာအလုပ်တွေ တစိုက်မတ်မတ်ပြုလုပ်လာရင်ရော အားပေးကြမှာလား ဆိုတာ ပြောပြခဲ့ကြဦးနော်။

SOURCE - Thazin Htoo Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။