သရုပ်ဆောင် မင်းသမီးချောလေး မိုးဟေကိုကတော့ ကြာကြာကြည့်လေ ဆွဲဆောင်မှုပိုပြီး အလှတိုးလာလေဆိုတဲ့အလှမျိုးနဲ့ အောင်မြင်နေတဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။ ဝင်းဝါစိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်ထားတဲ့ သူမက နေရာဒေသနဲ့ လိုက်ဖက်ညီတဲ့ ဖက်ရှင်တွေကို ရွေးချယ်ဝတ်ဆင်တတ်တဲ့ ဖက်ရှင်ဘုရင်မတစ်ဦးလည်း ဖြစ်ပါတယ်။ Sexyကျကျနဲ့ ပုရိသတွေစွဲလမ်းရတဲ့ အမိုက်စား မော်ဒယ်လ်တစ်ယောက်အနေနဲ့ ဝင်ရောက်လာခဲ့တဲ့ မိုးဟေကိုကတော့ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ထိပ်တန်း မင်းသမီးတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

သူမရဲ့ ကိုယ်ခန္ဓာအချိုးအစားတွေကSexyကျလှပလွန်းလို့ ပုရိသတွေရဲ့ ဝန်းရံခြင်းကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။လက်ရှိမှာ ကိုယ်တိုင်ကလည်း ရုပ်ရှင်မင်းသမီးတစ်ယောက် ဖြစ်သလို "မိုး" ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်ခဲ့ပြီး ထုတ်လုပ်ရေးလုပ်ငန်းပိုင်ရှင်အဖြစ် လည်းအနုပညာလောကမှာ ပြန်လည် ကျင်လည်နေသူ ဖြစ်ပါတယ်။ မိုးကတော့ အခုချိန်ထိကို ပရိသတ်တွေ့ရဲ့ အားပေးမှုကို အခိုင်မာရရှိထားသူလေးလည်းဖြစ်ပါတယ်။

မိုးဟေကိုကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။ လတ်တလောမှာလည်း သူမရဲ့ အမိုက်စားအလှတရားတွေနဲ့ ဖန်တီးပေါင်းစပ်ထားတဲ့ အလန်းစားဗီဒီယိုဖိုင်လေးကို Life Photography ကဖန်တီးဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ သူမဟာအရမ်းတင့်တယ်လှပနေတာဖြစ်ပြီး ပရိသတ်တွေ အချစ်ပိုစေမှာအမှန်ပဲဖြစ်ပါတယ်။ကဲ့..ချစ်ပရိသတ်ကြီးတွက် မိုးဟေကိုရဲ့ အမိုက်စားဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်။

Source:Life Photography

photo credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။