အချစ်ဟာလွယ်လွယ်နဲ့ဖြစ်ပေါ်လာတာ မဟုတ်သလို လွယ်လွယ်နဲ့အပျက်အစီးမခံကြပါဘူး။ ခုလက်တလောအချိန်မှာတော့ Justin Bieber နဲ့ Hailey Baldwin ရဲ့ Relationship ကိုလူအတော်အများက သဘောမကျသေးပဲ လှောင်တဲ့သူတွေ အပြစ်ပြောတဲ့သူတွေ ရှိသလို သဘောကျ အားကျကျေနပ်တဲ့သူတွေလဲရှိပါတယ်။ ယနေ့တိုင်အပြောခိုင်းနေရတဲ့ အတွဲတစ်တွဲပဲဖြစ်ပါတယ်။

Hailey Baldwin ဟာ December 8 ရက်နေ့မှာ သူမရဲ့ Instagram ကိုဖွင်လိုက်တဲ့အချိန်တွင် ချက်ချင်းကိုအထိတ်တလန့်ဖြစ်သွားခဲ့ပါတယ်။ လူတစ်ချို့က သူမနဲ့ Justin Bieber ကိုလှောင်ပြောင်ပြောဆိုထားသောကြောင့်ပဲဖြစ်ပါတယ်။ အထိတ်တလန့်ဖြစ်လောက်အောင် ပြောဆိုခဲ့တဲ့အတွက် သူမဟာ ထို့လိုပြောဆိုမှုကို အခုလိုပဲပြန်ပြောလိုက်ပါတယ်ခဗျာ။  

“Instagram ကိုဖွင့်လိုက်တဲ့အချိန်တိုင်းမှာ သင်ရဲ့အလုပ် သင်ရဲ့Relationship နောက်ဆုံး သင့်ဘဝထဲမှာရှိသမျှကောင်းတဲ့အရာတွေအားလုံးကို တစ်ယောက်ယောက်က ဝေဖန်ပြောဆိုနေတာကို ခွင့်လွှတ်နားလည်ရတာက အလွန်ကို ခတ်ခဲလေးနက်လှပါတယ်” လို့ပြောကြားခဲ့ပါတယ်။ Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ Relationship ဟာဆိုရင် ၂၀၁၅ ခုနှစ်ကတည်းကစတင်ခဲ့ကြပြီး ခုချိန်ထိလူတွေရဲ့ပြစ်တင်ပြောဆိုခြင်းကိုလဲ ခံရတုန်းပါခဗျာ..။

Source : Us magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။