တချိန်ကမြန်မာရုပ်ရှင်လောကမှာ နာမည်ကြီး ဖိုက်တင်မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ရဲမင်းပိုင်ရဲ့ အောင်မြင်မှုတွေကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအားလုံးသိရှိပြီးဖြစ်မယ်ထင်ပါတယ်။ အနုပညာမျိုးရိုးဖြစ်တဲ့ ဖခင်ဖြစ်သူ သရုပ်ဆောင် ဦးဌေးဝင်းရဲ့ အမွေကို ဆက်လက်ခံယူနိုင်ခဲ့ပြီး တချိန်က နာမည်ကြီးအနုပညာရှင်များစွာနှင့်အတူတွဲကာ သရုပ်ဆောင်ခဲ့ဖူးသူတစ်ယောက်လည်းဖြစ်ပါတယ်။ မနေ့က ဒီဇင်ဘာလ ၉ရက်နေ့ နံနက် ၂ နာရီ မိနစ် ၂၀ ခန့်မှာတော့ ရဲမင်းပိုင်ရဲ့ ဖခင်ဦးဌေးဝင်းကတော့ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရပါတယ်။  

ရဲမင်းပိုင်ကတော့ မကြာသေးမီက အမိမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ဖခင်ဖြစ်သူနဲ့အတူ ဘုရားသွားကုသိုလ်ပြုကာ မိဘတွေကို လုပ်ကျွေးပြုစုခဲ့တာတွေ့ရပါတယ်။ လက်ရှိ ရဲမင်းပိုင်ကတော့ မိသားစုရှိရာ ပြင်ပနိုင်ငံကိုရောက်ရှိနေပြီး ဖခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးမှာ အနားရှိမနေခဲ့တာတွေ့ရပါတယ်။ လေးစားချစ်ခင်ရတဲ့ ဖခင်ဆရာတစ်ဆူဖြစ်သလို ဘဝရဲ့ တန်ဖိုးထားတဲ့အရာတစ်ခုဆိုလည်းမှားမယ်မထင်ပါဘူး။ 

ဖခင်ဖြစ်သူရဲ့ ကွယ်လွန်မှုသတင်ဆိုးကြီးတစ်ခုကတော့ လက်ရှိ ရဲမင်းပိုင်ရဲ့ စိတ်ကို ထိခိုက်စေနိုင်မယ့် စကားတစ်ခွန်းပဲဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ နာရေးအတွက် သရုပ်ဆောင်ရဲမင်းပိုငတစ်ယောက်ဘာတွေပြင်ဆင်နေပြီလည်း ဆိုတာတော့ပရိသတ်တွေနဲ့အတူ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ အနုပညာလောကမှာ ဝါရင့်သရုပ်ဆောင်ကြီးဖြစ်တဲ့ ရဲမင်းပိုင်ရဲ့ဖခင် သရုပ်ောဆင် ဦးဌေးဝင်းရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - yE MIN PAING

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။