ဗီယက်နမ်ယူ၂၁ဖိတ်ခေါ်ဖလားပြိုင်ပွဲဝင်မယ့်မြန်မာယူ၂၁အသင်းကတော့ဒီနေ့မနက်၁၀နာရီလောက်ကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှဗီယက်နမ်နိုင်ငံသို့ထွက်ခွာသွားခဲ့ပါတယ်။မြန်မာအသင်းဟာအဆိုပါပြိုင်ပွဲမှာအိမ်ရှင်ဗီယက်နမ်၊မလေးရှားနဲ့တောင်ကိုရီးယားယူ၂၁အသင်းတွေပါဝင်ကစားကြမှာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီပြိုင်ပွဲအတွက်လေ့ကျင့်ချိန်ရက်၉၀နီးပါးရခဲ့တာဖြစ်ပါတယ်။

မြန်မာ ယူ-၂၁ အသင်းသည် ဒီဇင်ဘာ ၁၂ မြန်မာစံတော်ချိန် ည ၆:၃၀ နာရီတွင် အဖွင့်ပွဲအဖြစ် အိမ်ရှင် ဗီယက်နမ်အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဒီဇင်ဘာ ၁၄ မြန်မာစံတော်ချိန် နေ့လယ် ၃:၃၀ နာရီတွင် GIMHAE CFC ယူ-၂၁ နှင့်လည်းကောင်း၊ ဒီဇင်ဘာ ၁၆ မြန်မာစံတော်ချိန် နေ့လယ် ၃:၃၀ နာရီတွင် မလေးရှား ယူ-၂၁ နှင့်လည်းကောင်း ယှဉ်ပြိုင် ကစားရမည် ဖြစ်ပါတယ်။မြန်မာအသင်းကတော့မလေးရှားအသင်းကိုဒီပြိုင်ပွဲမှာရှုံးကျွေးပြန်ဆပ်ဖို့လိုအပ်နေတာဖြစ်ပါတယ်။

အာရှယူ၂၃ခြေစစ်ပွဲတွေနဲ့၂၀၁၉ဆီးဂိမ်းတွေအတွက်ကြိုတင်ပြင်ဆင်နေတဲ့မြန်မာအသင်းအနေနဲ့ခုလိုဗီယက်နမ်ဖိတ်ခေါ်ဖလားပြိုင်တာကအတွေ့ကြုံကောင်းတစ်ရပ်ဖြစ်လာမှာပါ။အာစီယံနဲ့အာရှကတောင်ကိုရီးယားလိုထိပ်သီးအသင်းတွေတွေပါဝင်တာကြောင့်မြန်မာအသင်းအကောင်းဆုံးကြိုးစားယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။မြန်မာအသင်းရဲ့နည်းပြကြီးဦးကြည်လွင်ကလည်းပွဲတစ်ပွဲတိုင်းကိုအကောင်းဆုံးပြင်ဆင်မှာဖြစ်တာကြောင့်ပရိတ်သတ်တွေလက်လွတ်မခံပဲအားပေးနိုင်ဖို့တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။