ပရိတ်သတ်ကြီးရေ... အခုလာမယ့် ဒီဇင်ဘာလ(၁၄) ရုံတင်တော့မှာဖြစ်တဲ့ သတ်ကွင်းဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဒါရိုက်တာဖြစ်တဲ့ သားညီ ဟာ ဆန်းသစ်တဲ့ရိုက်ကွင်းရိုက်ကွက်တွေနဲ့ ဇာတ်ကားကိုပုံဖော်နိုင်သူဖြစ်ပြီး သရုပ်ဆောင်ပိုင်းရော ဒါရိုက်တာပိုင်းမှာကောထူးချွန်သူလည်းဖြစ်ပါတယ်။ သူရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် အနုပညာရှင်တွေကကော ပရိတ်သတ်တွေကပါလေးစားချစ်ခင်ခြင်းကိုခံရသူတစ်ယောက်လည်းပဲဖြစ်ပါတယ်။

သားညီဟာ ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးနဲ့အတူ ချစ်ဖို့ကောင်းတဲ့သားလေးမိုမိုလေးကိုပါပိုင်ဆိုင်ထားရတဲ့ ဖခင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့ဟာ သားဖြစ်သူ မိုမိုလေးရဲ့ ၁၀နှစ်ပြည့်မွေးနေ့လည်းဖြစ်ပါတယ်။ သားညီဟာ သားလေးကိုငုံထားမတတ်ချစ်ရတဲ့အတွက် သားလေးမိုမိုမနိုးခင်ကတည်းက သားလေးအိပ်နေတဲ့ပုံလေးကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ မွေးနေ့ဆုတောင်းပေးထားပြန်ပါတယ်။

"အိပ်ပျော်နေသော မွေးနေ့ရှင်လေး ,,10.12.2008 - 10.12.2018,,Happy Birthday ပါ ဘဝတစ်ခုလုံးလေးရေ အရမ်းချစ်တယ် ...ဖေဖေ ..." ဆိုပြီး ဆုတောင်းပေးထားတာပါ။ ပရိတ်သတ်တွေကလည်း ဒီစာလေးကြောင်ံအရမ်းကိုကြည်နူးမိနေကြပါတယ်။ ကဲ... ပရိတ်သတ်ကြီးရေ ပရိတ်သတ်တို့နဲ့ အသည်းကျော်လေးမိုမိုဟာဆိုရင် အသက်၁၀နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့အတွက် မွေးနေ့ဆုတောင်းစကားလေးကို လက်ဆောင်အဖြစ်ပေးလိုက်ကြပါအုန်းနော်..

Source : Thar Nyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။