နေခြည်ဦးကတော့ လတ်တလော Social Media ထက်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦးလို့ ဆိုနိုင်ပါတယ်။ Beauty Blogger တစ်ဦးအဖြစ် ပရိသတ်အားပေးမှု စတင်ရရှိခဲ့တဲ့ နေခြည်ဦးက အောင်မြင်မှုတွေ ဆက်တိုက်သိမ်းပိုက်ရရှိထားသလို ရုပ်ရှင်မင်းသမီးအဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ facebook account က follower ၈ သိန်းတိတိ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

အလှအပ၊ ဖက်ရှင်တွေနဲ့ ပတ်သက်ပြီး အမြင်ရှိတဲ့ နေခြည်ဦးက ကိုယ်တိုင်ဖန်တီးမှုအသစ်တွေ ပြုလုပ်ရတာ ကြိုက်သလို အမြဲလိုလိုလည်း အသစ်အဆန်းတွေနဲ့ စိတ်ဝင်စားစရာကောင်းသူ ဖြစ်ပါတယ်။ အခုလည်း နေခြည်ဦးက MODA Magazine ရဲ့ မျက်နှာဖုံးမှာ အမိုက်စားပုံစံနဲ့ မော်ဒယ်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ မကြာသေးခင်မှ ဆံပင်စတိုင် အသစ်ပြောင်းလဲထားတဲ့ နေခြည်ဦးရဲ့ အလန်းစားစတိုင်ကတော့ တကယ့်ကို ထိထိမိမိ ရှိနေတာ တွေ့ရပါတယ်။

အခုလည်း နေခြည်ဦးက အကြမ်းစားပုံစံနဲ့ အရမ်းအထာကျနေတဲ့ သူမရဲ့ပုံသစ်တွေကို " Dare to be different " ဆိုပြီး ပြန်လည်ဝေမျှထားပါတယ်။ နိုင်ငံခြားမော်ဒယ်တစ်ယောက်လို့တောင် ထင်မှတ်ရလောက်အောင် အသွင်တစ်မျိုးနဲ့ ပြောင်းလဲသွားတဲ့ နေခြည်ဦးရဲ့စတိုင်အသစ်ကတော့ အရမ်းကို ဂေါ်နေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးလေး နေခြည်ဦးရဲ့ အကြမ်းစား၊ အမိုက်စား၊ အလန်းစား ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nay Chi Oo & moda magazine;

Photo :Credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။