တစ်ချိန်က အနုပညာလောကမှာ အောင်မြင်မှုများစွာကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ မိုးယုစံဆိုရင် ပရိတ်သတ်တွေ သိကြမှာပါ။ ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာလျက်ရှိပြီး သားလေး သိင်္ခမိုးနဲ့ အတူ ပျော်စရာကောင်းတဲ့ အချိန်လေးတွေကို ဖြတ်သန်းနေတာဖြစ်ပါတယ်။ ယခင်ကတည်းက ပရိတ်သတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေကို ၇ရှိထားသူလေးမို့ ယခုအချိန်မှာလည်း မိုးယုစံတို့ မိသားစုလေးဟာဆိုရင် ပရိတ်သတ်တွေ အားကျချစ်ခင်နေရတုန်းပါပဲ။

အနုပညာအလုပ်တွေနဲ့ ဝေးကွာနေရာမှ တစ်ချိန်က အရမ်းကို လှခဲ့တဲ့ မိုးယုစံရဲ့ အလှတွေကို ပရိတ်သတ်တွေ ပြန်လည်တွေ့မြင်ရမှာဖြစ်ပါတယ်။ မော်ဒယ်လောက မှာ နာမည်ကြီးသူတစ်ဦးဖြစ်တဲ့ ဂျွန်လွင် ဦးစီးကျင်းပတဲ့ MYANMAR INT’L FASHION WEEK 2018 ပွဲလေးမှာ နတ်သမီးလေး တစ်ပါးလို တစ်မူထူးခြားမှုတွေနဲ့ ပြည့်စုံနေတဲ့ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ပြီး စင်မြင့်ထက်မှာ ခမ်းနားထည်ဝါစွာလျှောက်လှမ်းခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်အတွက် ဝေမျှပေးထားတာဖြစ်ပါတယ်။

သားလေး သိင်္ခမိုးရဲ့ မေမေ မိုးယုစံကတော့ တစ်သားမွေးတစ်သွေးလှဆိုတဲ့ စကားကို အမြင်သာဆုံးနဲ့ ပုံဖော်ပေးခဲ့တာပဲဖြစ်ပါတယ်။ နတ်သမီးလေးလိုလှနေတဲ့ မိုးယုစံရဲ့ အဖြူရောင် ဝတ်စုံလေးကိုတော့ နာမည်ကြီး ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ မေမြတ်ဝါဆိုကနေ ဖန်တီးချုပ်လုပ်ထားတာဖြစ်ပါတယ်။ မိုးယုကို ချစ်တဲ့ ပရိတ်သတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မိုးယုရဲ့ အလှတွေကို စင်မြင့်ထက်မှာ ပြန်လည်တွေ့မြင်ရလို့ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်နော်။

Source:မိုးယုစံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။