မင်းဦးဆိုတာလည်း တစ်ခေတ်တစ်ခါက အောင်မြင်တဲ့ မင်းသားတစ်လက်ပါပဲ။ယခုချိန်ထိအောင်မြင်မှု့က မကျသွားပဲ ပရိတ်သက်တွေရဲ့ အားပေးမှု့ကိုရရှိနေဆဲပါ။ချောမောဆဲ ဖြစ်တဲ့ ရုပ်ရည်ဟာဆိုရင်လည်း ခန့်ညားနေပါသေးတယ်။မင်းဦးရဲ့ သရုပ်ဆောင်ချက်တွေကလည်း အရင်အတိုင်းမလျော့သွားသော အိုင်တင်တွေနဲ့ ပိုပိုပြီး ကောင်းလာပါတယ်။မင်းဦးရဲ့ တည်ငြိမ်တဲ့ အပြုအမှု အပြောအဆိုတွေကလည်း ရင့်ကျက်နေတဲ့ ပုံစံပါ။အသက်ကြီးသွားပေမယ့် မပျက်စီးသေးတဲ့ မင်းဦးက မိန်းမငယ်ငယ်လေးနဲ့လည်း အိမ်ထောင်ပြုထားပါတယ်။

မင်းဦးကမိန်းမငယ်ငယ်လေးကိုရထားလို့ အရမ်းပျော်ရွှင်နေတဲ့သူပါ။သူတို့ဇနီးမောင်နှံက အသက်အရွယ်တော်တော်ကွာဟပေမယ့် တစ်ယောက်ကိုတစ်ယောက် နားလည်မှု့တွေ မလျော့သောချစ်ခြင်းတွေနဲ့ ပြည့်နှက်နေလို့ အရမ်းကို သာယာတဲ့ အိမ်ထောင်ရေးတစ်ခုပါ။မင်းဦးကို ယောကျာ်းသားထုကြီးက အရမ်းကို အားကျနေပါတယ်။အသက်ငယ်ငယ်ဇနီးချောချောလေးကို ဘယ်လိုများရှာလိုက်လဲဆိုပြီး မင်းဦးရဲ့ လျှို့ဝှက်ချက်ကို သိချင်နေကြတာပါ။

တကယ်တော့ ဒါကလည်း ဖူးစာလို့ပဲခေါ်ရမှာပါ။မင်းဦးရဲ့တည်ကြည်ခန့်ညားတဲ့ရုပ်ရည်ကို ဘယ်မိန်းကလေးက မကြွေပဲနေမလဲလေ။မင်းဦးကတော့ ဇာတ်ကားတွေ ဆက်လက်ရိုက်ကူးနေပြီး မီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားလို့ မီအဖွဲ့သားတစ်ချို့က စင်ကာပူကို ရောက်ရှိနေတာပါ။မင်းဦးတို့ဇနီးမောင်နှံကလည်း စင်ကာပူမှာ လည်ပတ်နေပြီး ကြည်နူးနေတဲ့ ပုံရိပ်တွေကို ထုတ်ဖော်ပေးလိုက်ပါတယ်။

Source:Min Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။