မကြာသေးခင်ကမှ မင်္ဂလာဆောင်ထားကြတဲ့ Nick Jonas နဲ့ Priyanka Chopra တို့ဟာ လူတွေရဲ့ စိတ်ဝင်စားချင်းကို တော်တော်ခံယူထားရတဲ့အတွဲဖြစ်ပြီး သူတို့ရဲ့ မင်္ဂလာဆောင်ဟာဆိုရင်လဲ ကြီးကျယ်ခမ်းနာပြီး အိမ်မက်များလားလို့တောင် ထင်မှတ်စရာဖြစ်ပါတယ်။ Nick Jonas ရဲ့ အစ်ကိုဖြစ်သူ Joe Jonas ဟာဆိုရင်တော့ သူတို့အတွဲကို အားအပေးဆုံးပရိတ်သတ်ဖြစ်ပါတယ်။

ထို့အပြင်သူဟာ Nick Jonas နဲ့ Priyanka Chopra တို့ဟာ နတ်ဖတ်တဲ့အတွဲဟုလည်း ချီးကျူးပြောဆိုခဲ့ပါသေးတယ်။ “Nick က သူမနဲ့ပတ်သတ်လို့ အမြဲပြောလေ့ရှိပြီး သူမဟာ တကယ်တော်တဲ့ လူတစ်ယောက်ပါ…ကျွန်တော်သိနေခဲ့ပါတယ် သူတို့ဟာ နတ်ဖတ်တဲ့အတွဲပဲဆိုတာကိုပေါ့” ဟု Joe Jonas ကပြောကြားခဲ့ပါတယ်။ထို့အပြင် သူဟာ Instagram မှာ Chopra ကို “Super Married ! I Love You Both” လို့ရေးခဲ့ပြီး သူတို့မိသားစုမှာလည်းကြိုဆိုကာ ဂုဏ်ယူပါတယ်လို့လဲ ရေးခဲ့ပါသေးတယ်။

Joe Jonas ရဲ့ချစ်သူကတော့ မင်းသမီးချောလေး Sophie Turner ပဲဖြစ်ပြီး Nickရဲ့မင်္ဂလာဆောင်ကိုလဲ Joe နဲ့အတူတက်ရောက်ခဲ့ပါတယ်။ Joe Jonas ဟာ DNCE အဖွဲ့ရဲ့ အဆိုတော်ဖြစ်ပြီး သူဟာ ‘Cake By The Ocean’ နဲ့လူသိများလာတာပဲဖြစ်ပါတယ်။တခြားသီးချင်းတွေကတော့ Toothbrush,Kissing Stranger,Hands Up စသဖြင့် DNCE ဟာခုချိန်မှာတော့ “People To People” ဆိုတဲ့ Album ကိုနောက်ဆုံးထွက်ရှိထားပါတယ်။ ပရိတ်သတ်ကြီးလဲ နားဆင်လိုက်ပါအုန်းဗျာ..။ 

Source : US Magazine 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။