မြန်မာ့အနုပညာရှင်လောကမှာ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်စည်ဖြိုးကတော့ ဒီကနေ့ ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ အဒေါ်ဖြစ်သူ ဒေါ်ဆွေဆွေဝင်း(အီးတီ) ကွယ်လွန်ခြင်း (၁)နှစ်နဲ့ (၃)လပြည့် အလှူပြုလုပ်ရန်ပြင်ဆင်နေကြောင်း သိရပါတယ်။ သရုပ်ဆောင်စည်ဖြိုးသည် မြန်မာ့အနုပညာလောကတွင် နာမည်ရ မင်းသားတစ်လက်ဖြစ်သည့်အပြင် ပရိသတ်အခိုင်မာ ရရှိသူတစ်ဦးလည်းဖြစ်ပါသည်။ စည်ဖြိုးကတော့ ငယ်စဉ်ကတည်းက အဒေါ်ဖြစ်သူနဲ့ အတူကြီးပြင်းခဲ့သူ တစ်ဦးဖြစ်ပြီး ဒေါ်ဆွေဆွေဝင်း(အီးတီ)၏ မေတ္တာကို အများဆုံးရရှိတဲ့ အချစ်တော်တူတစ်ယောက်ဖြစ်ပါတယ်။ 

ပြည်တွင်း နာမည်ကြီးမင်းသား၊ မင်းသမီးများသာမကပဲ ပြည်ပနာမည်ကြီးသရုပ်ဆောင်များစွာရဲ့ အားကိုးရာ အကြားအမြင်ဆရာမကြီးတစ်ဦးလည်းဖြစ်ကြောင်းသိရပါတယ်။ ဒေါ်ဆွေဆွေဝင်း(အီးတီ) ရဲ့ ကွယ်လွန်ခြင်းကို အမြဲသတိတရရှိနေပြီး လစဉ်ကုသိုလ်ကောင်းမှုအမြဲပြုလုပ်ပေးလေ့ရှိတာတွေ့ရပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့မှာလည်း ၁နှစ် ၃လပြည့် စတုဒီသာအလှူကို ထပ်မံပြုလုပ်သွားဖို့ရှိကြောင်း သိရပါတယ်။  

အဆိုပါ စတုဒီသာအလှူနဲ့ ပတ်သက်ပြီး စည်ဖြိုးကတော့ ဒီဇင်ဘာလ ၁၀ရက်နေ့ ဒီကနေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် မုန့်ဟင်းခါး၊ အိုးဘဲဥ၊ အကြော်၊ အအေးတို့ဖြင့် ကျွေးမွေးလှူဒါန်းသွားမှာဖြစ်ကြောင်း သိရပါတယ်။ လစဉ်မပျက်အလှူအတန်းတွေနဲ့အတူ အဒေါ်ဖြစ်သူအား ရည်စူးလှူဒါန်းခဲ့ပြီး ဒီကနေ့ ၁ နှစ် ၃ လအထိ သတိတရလှူဒါန်းနေတဲ့ စည်ဖြိုးရဲ့ မွန်မြတ်အလှူလေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Si Phyo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။