ပရိတ်သတ်ကြီးရေ...ဇာတ်ပို့ ဇာတ်ရံနေရာမှာ အရမ်းကို သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးကြီးဝါဝါခိုင်ဟာ ခင်ပွန်းဖြစ်သူ ကိုလူချောအဖွဲ့ရဲ့ဥက္ကဋ္ဌလည်းဖြစ် ဝါရင့်သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ ဦးအောင်ခိုင်နဲ့ အတူ သူမတို့ရဲ့(၁၃)နှစ်ပြည့်မင်္ဂလာ အထိမ်းအမှတ် အနေနဲ့ YGW ပရဟိတ မိဘမဲ့ဂေဟာလေးဟာ မိမိတို့ရဲ့ ချွေးနဲစာလေးနဲ့ အလှူဒါနပြုလုပ်ခဲ့ပါတယ်။ အန်တီဝါဟာ မိဘမဲ့ကလေးတွေနဲ့တွေ့တဲ့အခါမှာ စိတ်မကောင်းလွန်းတာကြောင့်ဝမ်းနည်းကာမျက်ရည်ကျရတဲ့အထိဖြစ်ခဲ့ရပါတယ်။

"အန်တီဝါ့ကို ကလေးလေးကကြည့်နေတာ သူကြည့်တဲ့အကြည့်ကို အန်တီဝါရင်ထဲတကယ်ခံစားရတယ် သူ့စိတ်ထဲ သူ့အမေများမှတ်သလား မသိပါဘူးကွယ်" ဆိုပြီး ရင်ထဲကနေဖြစ်ပေါ်လာတဲ့ခံစားချက်တွေကို Myanmarloadကိုပြောပြရင်း မျက်ရည်တွေပါဝဲတက်လာခဲ့ရပါတယ်။ ကလေးတွေကိုချစ်တတ်ပြီး ပရဟိတစိတ်အပြည့်ရှိတဲ့ အန်တီဝါဟာ သူမလက်ပေါ်မှာ သူမကိုမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ပြန်ကြည့်နေတဲ့မိဘမဲ့ကလေးလေးတွေကြောင့် မီဒီယာရှေ့မှာဖြေနေရင်းကပဲ မျက်ရည်ကျခဲ့ရပါတယ်။

အန်တီဝါရဲ့ အလှူလေးကို ကိုလူချော လူကြမ်းသရုပ်ဆောင်အဖွဲ့က အနုပညာရှင်များပါလာရောက်အားဖြည့်ခဲ့ကြပါတယ်။ အဲ့ဒီဂေဟာလေးမှာပဲ ဦးအောင်ခိုင်နဲ့ အန်တီဝါတို့ဟာ (၁၃)နှစ်ပြည့်မင်္ဂလာအထိမ်းအမှတ် ကိတ်လေးကိုခွဲခဲ့ကြပါတယ်။ အဲ့နောက်မှာတော့ ဦးအောင်ခိုင်ဟာ ပရိတ်သတ် နဲ့ မီဒီယာရဲ့ရှေ့မှာတင် အန်တီဝါရဲ့ ပါးကိုအားရပါးရ မွှေးမွှေးပေး ကာ နှစ်ပတ်လည်နေ့ကိုကြည်ကြည်နူးနူးပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ ကြပါတယ်။ပရိတ်သတ်ကြီးရေ... မိဘမဲ့ကလေးလေးတွေကိုကြည့်ပြီးမျက်ရည်ကျခဲ့ရတဲ့ အန်တီဝါတို့ဇနီးမောင်နှံနဲ့အမေးအဖြေလုပ်ထားတဲ့ ဗီဒီယိုဖိုင်လေးကို ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Source : Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။