လက်ရှိအချိန်မှာတော့ အာဖရီက ဝက်နာရောဂါ ASF ဟာ တရုတ် ၊ ရုရှားနဲ့ အရှေ့ဥရောပ နိုင်ငံတွေအထိ ကူးစက်ပျံ့နှံံနေပြီပဲဖြစ်ပါတယ်။

ဒါ့အပြင် နောက်လာမယ့် တနှစ်အတွင်းမှာ အမေရိကန်နိုင်ငံအထိ ကူးစက်လာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးပြောကြားခဲ့ပါတယ်။  

Public Library of Science သုတေသန ဂျာနယ်ကလည်း အမေရိကန်နိုင်ငံသာ ဒီ ASF ရောဂါကူးစက်လာခဲ့ရင် ပထမနှစ်မှာတင် အမေရိကန်အနေနဲ့ ဒေါ်လာ ၁၆ ဒသမ ၅ ဘီလီယံလောက် ဆုံးရှုံးလိမ့်မယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။

အခုလိုသတိပေးချက်တွေကြောင့် အမေရိကန်စိုက်ပျိုးရေးဌာန USDA ကတော့ အခြေအနေကို ပြန်လည်သုံးသပ်နေသလို နယ်စပ်လုံခြုံရေးကိုလည်း အားဖြည့်ဆောင်ရွက်နေပါတယ်။

နယ်စပ်ကာကွယ်ရေးတွေရယ် ဘေးဖြစ်နိုင်ချေများတဲ့ ဝက်သားထုတ်ကုန်တွေကို တင်သွင်းမှုမပိတ်ရင် အမေရိကန်နိုင်ငံထဲကို ဒီရောဂါဟာ အလွယ်တကူဝင်ရောက်လာနိုင်တယ်လို့ပြောကြားနေသူတွေလည်းရှိပါတယ်။  

source  - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။