အချစ်သီချင်းလေးတွေမြူးကြွတဲ့သီချင်းလေးတွေကြောင့်ပရိတ်သတ်ရဲ့အချစ်တွေကိုသိမ်းပိုက်ထားခဲ့တာတော့အဆိုတော်မလေးအေသင်ချိူဆွေပဲဖြစ်ပါတယ်။ပရိတ်သတ်တွေနဲ့အချိန်တော်တော်ကြာကြာဝေးကွာခဲ့ပြီးမကြာခင်ကမှပရိတ်သတ်တွေရှေ့ကိုပြန်ရောက်လာတာဖြစ်ပါတယ်။ပရိတ်သတ်တွေနဲ့ဝေးကွာခဲ့ပေမယ့်ယခုထိတိုင်ပရိတ်သတ်အခိုင်အမာနဲ့ပရိတ်သတ်တွေအားပေးနေရတုန်းဖြစ်ပါတယ်။

ခုမှာတော့အေသင်ကချစ်စရာကောင်းတဲ့သမီးလေးနဲ့တူတူပျော်ရွှင်စရာအချိန်လေးတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သမီးလေးကလည်းမေ့မေ့ပရိတ်သတ်တွေရဲ့အချစ်တော်တစ်ယောက်ဖြစ်ပါတယ်။မေမေကလည်းသမီးလေးနဲ့တူတူပုံလေးတွေချစ်စရာvideoလေးတွေကိုတင်ပေးလေ့ရှိပြီးပရိတ်သတ်တွေကချစ်နေရတာပါ။

အေသင်ကတော့နယ်ပွဲလေးတွေအများဆုံးဆိုနေရတာဖြစ်ပြီးအနယ်နယ်အရပ်ရပ်ကပရိတ်သတ်တွေကလည်းအေသင့်ရဲ့ပွဲတိုင်းမှာပရိတ်သတ်အပြည့်ပါပဲ။ခုလည်းသမီးလေးနဲ့တူတူခရီးတွေထွက်နေပြီးလှပစိမ်းစိုနေတဲ့ လက်ဖက်ခင်းကြီးရောက်နေတာဖြစ်ပါတယ်။သမီးလေးကလည်းမေမေနဲ့တူတူအိုက်တင်တွေအပြိုင်ပေးနေတာဖြစ်ပါတယ်။သမီးလေးရဲ့ပုံရိပ်လေးတိုင်းကိုအမြဲမပြတ်အားပေးနေတဲ့ပရိတ်သတ်ကြီးအတွက်လည်းလက်ဖက်ခင်းထဲကသားမိနှစ်ယောက်ရဲ့ချစ်စရာပုံရိပ်လေးတွေကိုအားပေးကြပါဦးနော်။

SOURCE:Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။