အူဝဲလို့ ချစ်စနိုးခေါ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ စူပါမင်းသမီးလို့ဆိုရပါမယ်။အရမ်းကောင်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိတ်သက်ရင်ထဲကို ထိစေခဲ့ပါတယ်။အူဝဲက အရင်ကတည်းက သရုပ်ဆောင်ပါရမီပါလို့ တစ်ဆင့်ချင်းတက်ပြီး အခုလို အောင်မြင်ဆုံးအချိန်ကိုရောက်လာတာပါ။အခုချိန်ထိလည်း ငယ်ရွယ်နုပျိုနေသေးတဲ့ အလှတရားတွေကြောင့် ဇာတ်ကားတွေမှာ ဇာတ်ဆောင်နေရာကပဲ သရုပ်ဆောင်နေရတုန်းပါပဲ။အရမ်းတော်တဲ့ အူဝဲက ပရိတ်သက်အတွက် အမြဲအသစ်သစ်တွေ ဖန်တီးပေးချင်နေသူပါ။ 

အူဝဲက ပြေတီဦးနဲ့ ဖူးစာပါခဲ့လို့ နှစ်ယောက်သားရွှေလက်တွဲခဲ့ကြပါတယ်။လင်မယားနှစ်ယောက်လုံးက အရမ်းအောင်မြင်နေတဲ့ ဝါရင့်သရုပ်ဆောင်တွေဖြစ်လို့ နှစ်ယောက်လုံးက ပရိတ်သက်အခိုင်အမာရရှိထားကြပါတယ်။လင်မယားနှစ်ယောက်လုံး အလှူအတန်းလည်း ရက်ရောလို့ ပြေတီဦးဖောင်ဒေးရှင်းထောင်ထားပြီး ပညာသင်ဆုတွေ လှူနေတုန်းပါ။ပြေတီဦးတို့ ဇနီးမောင်နှံမှာ အရမ်းသိတတတ်နေပြီဖြစ်တဲ့ သမီးကြီးနဲ့ အရမ်းချစ်စရာကောင်းတဲ့ သားငယ်လေးတွေလည်းရှိပါတယ်။ပြေတီဦးတို့ ဇနီးမောင်နှံကလည်း တစ်ယောက်ကိုတစ်ယောက် စလိုက်နောက်လိုက်နဲ့ သူငယ်ချင်းလို ပုံစံဖြစ်နေပြီး အရမ်းကို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးပါ။

အူဝဲက ယခုမှာ အနုပညာလှုပ်ရှားမှု့အနေနဲ့ ဇာတ်ကားတွေရိုက်နေသလို ဖိတ်ကြားတဲ့ ပွဲများကိုလည်း တက်ရောက်နေပါတယ်။အရမ်းတော်တဲ့ အနုပညာရှင်ဖြစ်လို့ နားချိန်မရှိအောင် အလုပ်တွေလုပ်နေရပါတယ်။အူဝဲက အရမ်းဝတ်တတ်စားတတ်တဲ့ ဖက်ရှင်မယ်တစ်ယောက်လို့ ပြောရမလိုပဲ။သူမရဲ့ ဆွဲဆောင်မှု့ရှိရှိ ဝတ်စားတတ်ပုံက ဘယ်နေရာသွားသွား လူအများကြားထင်းနေပါတယ်။အခုလည်း သူမရဲ့ ပွဲတက်ဖက်ရှင် ပုံရိပ်တွေကို အားပေးလိုက်ပါဦးနော်။

Source:Eaindra Kyaw Zin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။