သရုပ်ဆောင်ပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက်ဖြစ်ပြီး ဝါရင့်သရုပ်ဆောင်ကြီးတွေဖစ်တဲ့ ဦးကျော်ဟိန်း၊ ဒွေးတို့နဲ့လည်း အမျိုးတော်စပ်တဲ့ ဒါရိုက်တာသားညီရဲ့ ရုပ်ရှင်တွေကိုတော့ ပရိသတ်များစွာလည်း ကြည့်ရှု့ဖူးမယ်ထင်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်သူတစ်ယောက်ဖြစ်တဲ့အပြင် ဒါရိုက်တာဘဝမှာလည်း သူမတူအောင် လုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေကြားရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။  

အလုပ်နဲ့ ဝါသနာကို အလေးပေးပေမယ့် မိသားစုပျော်ရွှင်စရာလေးတွေကိုလည်း အမြဲဖန်တီးပေးလျှက်ရှိတာတွေ့ရပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ သားညီကတော့ သားဖြစ်သူ မောင်လင်းမာန်ရဲ့ ၁၀ နှစ်ပြည့်မွေးနေ့အမှတ်တရလေးတွေပြုလုပ်ပေးထားတာတွေ့ရပါတယ်။ အဆိုပါ အမှတ်တရလေးတွေထဲမှာ မွေးနေ့ဆုတောင်းပေးခြင်းအပြင် အမှတ်တရအလှူတစ်ခုအဖြစ် ရန်ကုန်မြို့အထင်ကရနေရာတစ်ခုဖြစ်တဲ့ ရွှေတိဂုံစေတီတော်ပေါ်တွင်လည်း ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးခဲ့တာတွေ့၇ပါတယ်။  

အဆိုပါ အလှူလေးနဲ့ ပတ်သက်ပြီး သားညီကတော့

" ဆရာကြီး

10 နှစ်ပြည့်မွေးနေ့ အတွက်

ရွှေတိဂုံ စေတီတော်မြတ်ကြီးမှာ

- ရွှေသင်္ဃန်း ကပ်လှူခြင်း

- သံဃာ ၁၀ ပါး နေ့ဆွမ်းကပ်လှူခြင်း

- ရင်ပြင်တော်ကျောက်ပြား ၁၀ ချပ် လှူဒါန်းခြင်း

- ခိုစာ ငါးစာ ကျွေးခြင်း စတဲ့

တတ်နိုင်သလောက်လေး ကုသိုလ်ပြုခဲ့ပါတယ် ...

ပြုသမျှ ကုသိုလ်

ခုနှစ်ရက် ရှစ်နေ့နံ

သားသမီးတွေကို အမျှ ပေးပါတယ် ခင်ဗျာ ...

မောင်လင်းမာန်" ဟူ၍ သားဖြစ်သူနာမည်ဖြင့် လှူဒါန်းခဲ့တာတွေ့ရပါတယ်။ ဖခင်ကောင်းတစ်ယောက်တာဝန်ကို အကောင်းဆုံးလုပ်ဆောင်ပြခဲ့တဲ့ ဒါရိုက်တာသားညီရဲ့ ဒီကနေ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - THAR NYI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။