ကင်ဆာရောဂါဟာအလွန် ကြောက်စရာကောင်းတဲ့ ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါကိုဓါတုဗေဒ ဆေးဝါးများနဲ့ ဓါတ်ရောင်ခြည်များဖြင့် ကုသကြ ပါတယ်။ ဒီနည်းလမ်းဖြင့် လူနာကိုကုသရတဲ့ အချိန်ကာလဟာ ကြာမြင့်တဲ့ အပြင် လူ့ခန္ဓာကိုယ်ထဲမှ ဆဲလ်များကိုသတ်တဲ့အတွက် လူနာဟာလည်း အလွန်ပြင်းထန်တဲ့ ဝေဒနာကို ခံစားရပါတယ်။အခုတော့ ကင်ဆာရောဂါကိုနာကျင်မှု ဝေဒနာများ မရှိဘဲလွယ်ကူစွာ ကာကွယ်တားဆီးပေးနိုင်တဲ့ နည်းလမ်းကိုသုတေသနပညာရှင်များက ရှာဖွေတွေ့ရှိဖို့ နီးစပ်လာပါပြီ။ 

စတန်းဖို့ဒ် တက္ကသိုလ်မှ ကျန်းမာရေး ပညာရှင်များကအလုံးအကြိတ်များကိုဖျက်ဆီးနိုင်တဲ့ ကွန်ပေါင်း ဆေးဝါး တစ်မျိုးကို သုတေသနပြုလုပ်နေပါတယ်။ အဲဒီ ဆေးဝါးဟာ ခန္ဓာကိုယ်ထဲမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာများကိုပါ သတ်ပေးနိုင်ပါတယ်။ အဲဒီကွန်ပေါင်းကို ကြွက်များမှာအောင်မြင်စွာစမ်းသပ်ခဲ့ပြီးပါပြီ။ မကြာခင် မှာတော့ လူများကိုစမ်းသပ်တော့မှာ ဖြစ်ပါတယ်။ အဲဒီကွန်ပေါင်းဟာ ထိုးသွင်းလိုက်တဲ့ နေရာမှ ကင်ဆာဆဲလ်များကိုသာမက အဝေးမှ ကင်ဆာ ဆဲလ်များကိုပါ သတ်ပေးနိုင်ပါတယ်။

အစောပိုင်းမှာလူနာ ၁၅ ဦးမှာစမ်းသပ်မှာ ဖြစ်ပါတယ်။ ပညာရှင်များက ကြွက်များမှာအောင်မြင်ခဲ့တဲ့အတွက် လူသားများမှာလည်းအောင်မြင်ဖို့ ရာခိုင်နှုန်းများပြားတယ်လို့ ယုံကြည်ထားကြပါတယ်။ ပညာရှင်များက ကင်ဆာရှိတဲ့ ကြွက် ၉၀ မှာ ၈၇ ကောင်ကိုပထမအကြိမ် ဆေးသွင်းပြီး နောက်မှာပဲအောင်မြင်စွာကုသနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒုတိယအကြိမ် ဆေးထိုးပြီးနောက်မှာကျန်တဲ့ ကြွက်များမှာလည်းကင်ဆာပျောက်ကင်း ခဲ့ပါတယ်။အခုနည်းလမ်းကကင်ဆာဆဲလ်များကိုတိုက်ခိုက်နိုင်အောင် ရောဂါ ကာကွယ်တဲ့ ဆဲလ်များကို ပြန်လည် အသက်ဝင်လာအောင် ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။

Source : Mobile Guide (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။