ဂီတလောကမှာ အောင်မြင်တဲ့ အဆိုတော် တစ်ဦးအဖြစ်ရပ်တည်နေတဲ့ ခပ်မိုက်မိုက်သီချင်းလေးတွေကို သီဆိုတတ်တဲ့ အေသင်ချိုဆွေကို ပရိတ်သတ်တွေ သိလိမ့်မယ် ထင်ပါတယ်။ ယခင်ကတည်းက နာမည်ကြီးပြီး သီချင်းတွေကို ပိုင်နိုင်စွာအကောင်းဆုံး သီဆိုဖျော်ဖြေနိုင်တာကြောင့် ပရိတ်သတ်အခိုင်အမာနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေသူတစ်ဦး ဖြစ်ပါတယ်။

Ivyလေးကို မွေးပြီးနောက်မှာ ပိုမို စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို ပြန်လည်သိမ်းပိုက်ထားနိုင်သူလေး ပါနော်။ Ivyလေးရယ် မေမေ အေသင်ကတော့ အင်တာနက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေတဲ့ ခြိမ့်ကေကိုရဲ့ ပညာပေး ဇာတ်လမ်း နမူနာကို ကြည့်ပြီး ခြိမ့်ကေကို ကို မှတ်ချက်ပေးလိုက်ပါပြီ။ ပရိတ်သတ်ကြီးတွေသိကြတဲ့ ခြိမ့်ကေကို ဟာဆိုရင် Myanmar Idol အစီအစဉ်ကနေ တဆင့် ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ နာမည်ကြီးလာခဲ့တဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ ဝေဖန်သူတွေက ဘယ်လောက်ပဲရှိရှိ အပြုံးမပျက်နေတတ်တဲ့ ခြိမ့်ကေကို ကတော့ မဖြစ်နိုင်တာဘာမှ မရှိဘူးဆိုတာကို သတ်သေပြသွားခဲ့ပါပြီ။

မကြာသေးခင်က ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ ကြည့်ရူမှု တွေများခဲ့တဲ့ ခြိမ့်ကေကိုရဲ့ " မမရယ် လွမ်းလို့ " သီချင်း MTV ထွက်ရှိပြီးတဲ့ နောက်မှာတော့ လက်ခံသူပရိတ်သတ်တွေ အများအပြားရှိခဲ့ပါတယ်။ အေသင်က သူမရဲ့ စာမျက်နှာ ထက်မှာ " ခြိမ့်ကေကိုက သရုပ်ဆောင်ကောင်းပါတယ်ဟ " ဆိုပြီး မှတ်ချက်လေးနဲ့ အတူ အပြည့်အဝထောက်ခံအားပေးထားတာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေအတွက် ဟာသဖြစ်နေခဲ့မယ်ဆိုရင်တောင် အကောင်းဆုံးကြိုးစားထားတဲ့ သူရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးလိုက်ကြပါအုံးနော်။

Source:Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။