ရန်ကုန် ယူနိုက်တက် အသင်းသည် အားကစားနှင့်ကာယပညာသိပ္ပံ နှင့် မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား လွင်မိုးအောင်ကို ခေါ်ယူရန် ကမ်းလှမ်းလျက်ရှိသည်။ လူငယ်ကစားသမား တစ်ဦးဖြစ်သည့် လွင်မိုးအောင် သည် မြန်မာနေရှင်နယ်လိဂ် လူငယ်အသင်းတွင် အား/ကာသိပ္ပံ ကိုယ်စားပြုအသင်းတွင် ဝင်ရောက် ယှဉ်ပြိုင်ကစားလျက် ရှိပြီး ပြီးခဲ့သည့် AFF Suzuki Cup ပြိုင်ပွဲတွင် ခြေစွမ်းပြ ကစားခဲ့နိုင်ခဲ့သည့် ကွင်းလယ် ကစားသမားတစ်ဦးလည်း ဖြစ်တယ်။

အဆိုပါ ကမ်းလှမ်းမှုနှင့် ပတ်သတ်ပြီး ရန်ကုန် ယူနိုက်တက် အသင်း မန်နေဂျာ ဦးမြင့်သိန်း က "အား/ကာသိပ္ပံ အသင်းက လွင်မိုးအောင်ကို ကမ်းလှမ်းထားပါတယ်။ လာမယ့် ACL, AFC Cup ပြိုင်ပွဲတွေသာမကဘဲ မြန်မာနေရှင်နယ်လိဂ် နဲ့ အခြားသောပြိုင်ပွဲတွေမှာ ပိုမို အင်အားတောင့်တင်းဖို့အတွက် ခေါ်ယူမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိရရှိထားတဲ့ ချန်ပီယံ ဆုဖလားတွေကို ကာကွယ်ဖို့အတွက် မြန်မာ့လက်ရွေးစင် လူငယ်ကစားသမား ဖြစ်တဲ့ လွင်မိုးအောင် ကို ကမ်းလှမ်းဖြစ်တာပါ။" ဟု ပြောကြားခဲ့တယ်။

လာမည့် ၂၀၁၉ ဘောလုံးရာသီတွင် ACL နှင့် AFC Cup ပြိုင်ပွဲများအတွက် သာမက ပြည်တွင်းပြိုင်ပွဲများ ဖြစ်သည့် မြန်မာနေရှင်နယ်လိဂ် နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အတွက် လူအင်အား ဖြည့်တင်းလျက်ရှိသည့် ရန်ကုန် ယူနိုက်တက် အသင်းသည် အဆိုပါ ကွင်းလယ် ကစားသမား လွင်မိုးအောင် ကို ခေါ်ယူနိုင်မည် ဆိုပါက ယခုနှစ်ရာသီအတွက် ၃ ယောက်မြောက် ခေါ်ယူသည့် ပြည်တွင်းကစားသမား ဖြစ်လာမည်ဖြစ်တယ်

source: yangonunited

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။