ဟာသမင်းသမီးလေး ဖြူဖြူထွေးကတော့ သူမရဲ့ဟာသဗီဒီယိုလေးတွေကတစ်ဆင့် လူသိများအောင်မြင်လာခဲ့သူ ဖြစ်ပါတယ် ။ တက္ကသိုလ်ကျောင်းသူလေးဖြစ်တဲ့ ဖြူဖြူထွေးက အခုဆိုရင် နောက်ဆုံးနှစ်စာမေးပွဲကြီးကို ဖြေဆိုထားတာ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ ဖြူဖြူထွေးက အနုပညာအလုပ်တွေကို တရစပ်ဆိုသလို လုပ်ကိုင်ရင်း နာမည်ရနေတာ တွေ့ရပါတယ်။

Social Media ထက်မှာ Tik Tok ဗီဒီယိုလေးတွေနဲ့ ရေပန်းစားနေတဲ့ ဖြူဖြူထွေးက Tik Tok ကစားရာမှာ ဆရာကျသူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ သီချင်းလေးတွေနဲ့ လိုက်ဖက်ညီတဲ့ တင်ဆက်မှုတွေကို ဖန်တီးလေ့ရှိတဲ့ ဖြူဖြူထွေးရဲ့အိုက်တင်ကတော့ တကယ့်ကိုပီပြင်ကောင်းမွန်လှပါတယ်။ အခုလည်း ဖြူဖြူထွေးက သူမရဲ့အလန်းစား Tik Tok ဗီဒီယိုအသစ်လေးတွေကို Instagram မှာ တင်ထားပါတယ်။

ဒီဗီဒီယိုလေးမှာတော့ ဖြူဖြူထွေးက ခေတ်စားနေတဲ့ သီချင်းလေးကို ဆွဲဆောင်မှုပြည့်နေတဲ့ အိုက်တင်လေးတွေနဲ့ အမိုက်စားလုပ်ပြထားတာ တွေ့ရပါတယ်။ ပရိသတ်တွေရဲ့အချစ်တော် ဖြူဖြူထွေးကတော့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ ပုရိသတွေရဲ့နှလုံးသားကို ညို့ယူဖမ်းစားလိုက်ပြန်ပါပြီ။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြူဖြူထွေးရဲ့အလန်းစား Tik Tok ဗီဒီယိုဖိုင်လေးတွေကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Phyu Phyu Htwe;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။