မြန်မာ-ဘင်္ဂလားဒေ့ရှ်ပင်လယ်ပြင်နယ်နိမိတ် မေယုကျွန်းအနောက်မြောက် ဘက် ၁၅မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်တွင် မတ်လ ၉ရက် နံနက် ၁၀နာရီကတပ်မတော််ရေ မှစစ်ရေယာဉ်သည်လုံခြုံရေးဆောင်ရွက်စဉ် မသင်္ကာဖွယ်စက်လှေ ၁စီးပေါ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တပ်မတော် စစ်ရေယာဉ်သည် နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်ဆောင် ရွက်စဉ်် မြန်မာ့ပင်လယ်ပြင်အတွင်း မသင်္ကာဖွယ် အလျား ၄၀ပေ၊ အနံ ၁၀ပေ၊ ရေစူး ၃ဒသမ၅ပေခန့်ရှိ စက်လှေ၁စီး အား တွေ့ရှိခေါ်ယူရာ မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ပြီး လှေပေါ်ပါ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ဂျာမာဟူဆောင်း ၂၇နှစ် (ဘ) ဟာတေဟူဆေးလ် နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တက္ကနပ်မြို့နေ ငါးဖမ်းလုပ်သား ၈ဦးအား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ဦးအား လဝကဥပဒေဖြင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

Ref; State Counsellor Office Information Committee

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။