မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ်ရွေးချယ်ခံခဲ့ရတဲ့ ဟန်သီကို ပရိတ်သတ်တွေသိမယ်လို့မျှော်လင့်ပါတယ်။ ဟန်သီကတော့ မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ Miss World 2018 ပြိုင်ပွဲကြီးမှာ မြန်မာ ကိုယ်စားပြုအလှမယ် တစ်ဦးအဖြစ်သွားရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနှစ်အတွက် နိုင်ငံတကာအလယ်မှာ မြန်မာ အမျိုးသမီးအလှမယ် တစ်ဦးအဖြစ် ရဲဝံ့စွာသွားရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ အလှမယ် ရွှေအိမ်စည် နဲ့ ဟန်သီကို အားပေးတဲ့ ပရိတ်သတ်တွေများစွာရှိခဲ့ပါတယ်။

နိုင်ငံတကာပြိုင်ပွဲတွေကို ဝင်ပြိုင်နေတဲ့ အိမ်စည်ထက် ဟန်သီက ပရိတ်သတ်အားပေးမှုကို သိပ်မရခဲ့ပေမဲ့ ကိုယ်နိုင်ငံအတွက်တကယ်ကို ရေကုန်ရေခမ်း ကြိုးစားပေးခဲ့ပါတယ်။ Crown ကို မပိုင်ဆိုင်နိုင်ခဲ့ပေ့မဲ့ ပရိတ်သတ်တွေအတွက် Head to Head Challenge Winner ဆုကို အရယူပေးနိုင်ခဲ့ပြီး top 25 အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ ဟန်သီက Crown ကို မပိုင်ဆိုင်နိုင်ခဲ့တာကြောင့် သူမရဲ့ တာဝန်မကျေမှုတွေကို ဝမ်းနည်းစွာနဲ့ တောင်းပန်စကားဆိုထားပါသေးတယ်။

ကမ္ဘာအလယ်မှာ မြန်မာဆိုပြီး ရင်ကိုကော့ ခေါင်းကိုမော့ပြီး အကောင်းဆုံးကြိုးစား ပြခဲ့တာဖြစ်ပါတယ်။ ယခုဆိုရင်တော့ တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss World 2018 ပြိုင်ပွဲ ဟာလည်းပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ အလှမယ်လေး ဟန်သီကတော့ မြန်မာနိုင်ငံကို ၁၂ရက်နေ့မှာ ပြန်လာမှာဖြစ်ပါတယ်။ မြန်မာ့ ဂုဏ်ဆောင်ခဲ့တဲ့ ဟန်သီကိုချစ်တဲ့ ပရိတ်သတ်တွေလည်း ဟန်သီကို အားပေးလိုက်ပါအုံးနော်.. ။

Source:Han Thi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။