ပရိသတ်ကြီးရေ.. အားလုံးက အားပေးချစ်ခင်ရတဲ့ အနုပညာရှင်မျိုးဆက်သစ်ရင်သွေးလေးတွေထဲမှာ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေကြား ရေပန်းစားနေသူလေးကတော့ ခိုင်သင်းကြည်ရဲ့ သမီးချောလေး စံထိပ်ထားဦးပါပဲ..။

အမြဲချစ်ပိုစေတဲ့ ထိပ်ထားလေးကတော့ စကားပြောပွင့်လင်းပြီး ရိုးအေးတဲ့ပုံရိပ်လေးတွေနဲ့ ဆံနွယ်ရှည်လေးတွေကလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို သိမ်းပိုက်ထားတာဆိုလည်း မမှားပါဘူး..။

အခမ်းအနားပွဲတွေ တော်တော်များများကို တက်ရောက်ဖြစ်နေတဲ့ ထိပ်ထားလေးကတော့ ဒီဇင်ဘာ(၈)ရက်နေ့က ရန်ကုန်မြို့၊ ရွှေထွဋ်တင်ကွင်းမှာကျင်းပပြုလုပ်ခဲ့တဲ့ "Myanmar Int'l Fashion Week 2018" နိုင်ငံတကာ ဖက်ရှင်ပြပွဲကိုလည်း တက်ရောက်လာခဲ့ပါတယ်..။

ဖက်ရှင်ပြပွဲလေးကိုလည်း လူငယ်ဆန်ဆန် ခပ်မိမိဖက်ရှင်ဒီဇိုင်းလေးနဲ့ ဆွဲဆောင်မှုရှိရှိ အလန်းစားပုံရိပ်လေးနဲ့ ချစ်စရာကောင်းပြီး လိုက်ဖက်ညီစွာ ပွဲတက်လာခဲ့တဲ့ သူမရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေရဲ့ အသည်းတွေကို ထက်မံခြွေယူလိုက်တာပါပဲနော်..။

ထိပ်ထားလေးကတော့ လတ်တလောမှာ ကြော်ငြာရိုက်ကူးဖြစ်နေသလို အခမ်းအနားပွဲတော်တော်များများ တက်ရောက်ဖြစ်နေကာ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်ရှိနေသူလေးပဲ ဖြစ်ပါတယ်..။

အခုတစ်ခာမှာတော့ အမေတူသမီးချောလေးဖြစ်တဲ့ ထိပ်ထားလေးရဲ့ ချစ်ပရိသတ်တွေအတွက် သူမရဲ့ပွဲတက်ဖက်ရှင်ပုံရိပ်လေးတွေကိုလည်း အလွမ်းပြေလေး ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - စံထိပ်ထားဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။