ပရိသတ်ကြီးရေ.. အနုပညာအလုပ်တွေ နည်းပါးသွားတဲ့ အကယ်ဒမီသရုပ်ဆောင် မင်းသမီးချောနန္ဒာလှိုင်ကတော့ ချစ်စရာကောင်းတဲ့ သမီးချောလေးတွေနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာပါနော်..။

ချစ်စရာကောင်းတဲ့ သမီးချောလေးတွေနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနေတဲ့ နန္ဒာလှိုင်ကတော့ ခင်ပွန်းသည်နဲ့သမီးလေးတွေကိုအဖော်ပြုရင်း မိသားစုလှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲပြန်လည်မျှဝေလေ့ရှိပြီး ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်ရှိနေတာလည်း တွေ့ရပါတယ်..။

သမီးလေးသုံးယောက်ကို မွေးဖွားထားပြီး လည်လွန်းတတ်လွန်းတာကြောင့် အားလုံးကအချစ်ပိုရတဲ့ သမီးထွေးလေး မဒီကတော့ အခုတစ်ခါမှာလည်း Challenge လေးတွေကို လုပ်ပြပြီး ပရိသတ်တွေကို အချစ်ပိုစေပြန်ပါပြီ..။

မဒီလေး အလွယ်တကူ လုပ်ပြလိုက်တဲ့ Challenge လေးကတော့ လူကြီးတွေတောင် တော်ရုံမလုပ်နိုင်ပဲ ခန္ဓာကိုယ်ပျော့ပျောင်းမှသာ လုပ်နိုင်တဲ့ Challenge လေးကို ပိုင်ပိုင်နိုင်နိုင်ပဲ လုပ်ပြထားတာပဲ ဖြစ်ပါတယ်နော်..။

ပျော့ပျောင်းတဲ့ သူမရဲ့ ခန္ဓာကိုယ်လေးကို အသုံးပြုပြီး အမိုက်စား Challenge လေးတွေကို လုပ်ပြထားတဲ့ မဒီလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုတော့ နန္ဒာလှိုင်က ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

တချိန်က အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်ခဲ့တဲ့ အကယ်ဒမီဆုရှင် ဒိတ်ဒိတ်ကြဲမင်းသမီးချောတစ်ဦးဖြစ်တဲ့ နန္ဒလှိုင်ကတော့ ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် အချိုးအစားကျပြီး လှပတဲ့ခန္ဓာကောက်ကြောင်းအလှနဲ့ စကားသံဝဲဝဲလေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုတွေထဲက တစ်ခုဖြစ်ပြီး ပရိသတ်တွေကို အမြဲအချစ်ပိုစေသူလေးဆိုလည်း မမှားပါဘူး..။

Photo - နန္ဒာလှိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။