ကဲ... ပရိတ်သတ်ကြီးရေ ထူးထူးဆန်းဆန်းအရာလို့ပဲပြောရမလားပဲ ကွန်ဖူးဘုရင် ဘရုစ်လီသေဆုံးခဲ့ရတာဟာ အစဉ်အဆက်သင့်ခဲ့တဲ့ မိသားစုကျိန်စာကြောင့်ပါတဲ့။ ပရိတ်သတ်တွေကတော့ ကွန်ဖူးမာစတာကြီးတွေ တရုတ်မာဖီးယားတွေရဲ့လုပ်ကြံမှုလို့ထင်ခဲ့ကြပေမယ့် သူ့ကိုရော သူ့အကိုရော ညီအစ်ကိုနှစ်ယောက်လုံး ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးခဲ့တာ ကျိန်စာတစ်ခုတည်းကြောင့်ပါပဲ..။ ဒါကိုလည်း သူ့အဖေကိုယ်တိုင်ပြောပြထားတာပါ။ ဘရုစ်စလီကွယ်လွန်ခဲ့တဲ့ အချိန်မှာသူဟာ အသက်၃၂နှစ်သာရှိပါသေးတယ်..။

ဒီကျိန်စာဟာသူ့ရဲ့ ဖခင်ဖြစ်သူလီဟွိုင်ချွင်ကိတိုင်ကြောင့် သင်ခဲ့ရတာပဲဖြစ်ပါတယ်။လီဟွိုင်ချွင်ဟာ တစ်နေ့မှာ တရုတ်ကုန်သည်တွေနဲ့ အပြင်းအထန်စကားများ ကတောက်ကဆဖြစ်ခဲ့ရာမှာ တရုတ်ကုန်သည်ဘက်က အစွမ်းထက်တဲ့ အောက်လမ်းဆရာတစ်ယောက်ရဲ့ကျိန်စာကြောင့် မိသားစုဝင်ထဲမှာရှိတဲ့ သူကိုယ်တိုင်မွေးထားတဲ့ သားနှစ်ယောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံရှုံးခဲ့ရပါတယ်။ အစပိုင်းကအယုံအကြည်မရှိခဲ့ပေမယ့် ဘရုစ်ရဲ့ အကိုဟာ အကောင်းကြီးကနေရုတ်တရက် ငယ်ငယ်ရွယ်ရွယ်ဆုံးပါခဲ့ရပါတယ်။

ဒီနောက် လီဟွိုင်ဟာ အထက်လမ်းဆရာတွေရဲ့ပြောပြချက်အရကျိန်စာမထိအောင် ဘရုစ်လီကို မိန်းကလေးနာမည်နဲ့ ယတြာသဘောမျိုးခေါ်ဝေါ်ခဲ့ပါတယ်။ဒါပေမယ့် အရွယ်ရောက်လာပြီး ကမ္ဘာကျော်လာတဲ့ ဘရုစ်လီဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးခဲ့ရပါတယ်။ သူသေဆုံးပြီးတဲ့နောက်မှာတော့ ဖခင်ဆီကိုအိမ်မက်ပေးပြီး သူသေတာ မကောင်းဆိုးဝါးတစ်ကောင်သတ်လို့ဆိုပြီးလာပြောပြသွားခဲ့ပါတယ်။ ယုံချင်စရာမကောင်းပေမယ့် သူ့အဖေကိုယ်တိုင်ပြောပြထားတာဆိုတော့ယုံရခက်ခက်ပါပဲ။ဆိုတော့ ပရိတ်သတ်ကြီးရေ အသေအချာသိချင်ရင်တော့ source လေးကိုမျှဝေပေးထားတဲ့အတွက် googleမှာ တိုက်ရိုက်သေချာသွားရောက်ဖတ်ရှုနိုင်ပါတယ်လို့လမ်းညွှန်လိုက်ပါရစေ။

Source - ATI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။