ကမ္ဘာပေါ်တွင် လက်ရှိအသက်အငယ်ဆုံးအဖြစ် တည်ရှိနေတာကတော့ ဘူတန်မိဖုရားပဲဖြစ်ပါတယ်။ သူမရဲ့နာမည်ကတော့ Jetsun Pema ဖြစ်ပြီး သူမရဲ့ အသက်ဟာ(၂၈)နှစ်ပဲရှိသေးတာကြောင့် လက်ရှိကမ္ဘာ့အသက်အငယ်ဆုံး မိဖုရားအဖြစ် ထင်မှတ်ထားခြင်းခံရတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အအေးချမ်းဆုံးနိုင်ငံမှာ မိဖုရားအဖြစ်တင်မြှောက်ခံရတဲ့ သူမအကြောင်းကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

သူမအသက်(၂၁)နှစ်အရွယ်မှာ ဘူတန်ဘုရင်ရဲ့မိဖုရားတင်မြှောက်ခြင်းကို ခံခဲ့ရပြီး ဘူတန်ဘုရင် အသက် (၁၇)နှစ်အရွယ်နဲ့ သူမအသက်(၇)နှစ်အရွယ်မှာ သူတို့နှစ်ဦး စတင်တွေ့ဆုံခဲ့ကြတာပါ။ ဘုရင်ဟာ ထိုအချိန်ကတည်းက စိတ်ဝင်စားခဲ့ပြီး တစ်ချိန်ကျရင် လက်ထပ်မယ်လို့ စိတ်ကူးထားခဲ့ပါတယ်။ မိဖုရားရဲ့ အဖေဟာ လေယာဉ်မှူးတစ်ဦးဖြစ်ပြီး သူမအမေရဲ့အဖိုးဖြစ်သူက ဘူတန်ဒုတိယဘုရင်ရဲ့ ဝမ်းကွဲညီအစ်ကိုတော်စပ်သူလည်းဖြစ်ပါတယ်။ 

သူမဟာ ဘူတန်ကြက်ခြေနီအသင်းနဲ့ အခြားပရဟိတအဖွဲ့အစည်းများစွာကိုလည်း တည်ထောင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ လန်ဒန်မှာ နိုင်ငံတကာဆက်ဆံရေးပညာ ၊ စိတ်ပညာရပ်နဲ့ အနုပညာသမိုင်းကိုလည်း သင်ကြားခဲ့ပါသေးတယ်။ လက်ရှိမှာ မိဖုရားဟာ ဘူတန်ဘုရင်နဲ့အတူ ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝကိုပိုင်ဆိုင်ထားပြီး တိုင်းပြည်တာဝန်များကို မောင်တစ်ထမ်း မယ်တစ်ရွက် ထမ်းဆောင်လျက်ရှိနေပါတယ်။ 

Source : Business Insider 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။