ချစ်စရာကောင်းတဲ့ မင်းသမီးလေးဖြစ်တဲ့ ခြူးဟာဆိုရင် MRTV-4မှာ ထုတ်လွှင့်ပြသခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ မြင်ဖူးနေကြ ပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသား မင်းသမီးတစ်လက် ဖြစ်မှာပါ။ မြန်မာဆန်ဆန်ဇာတ်ကောင်လေးတွေနဲ့ ပရိတ်သတ်တွေရဲ့ အချစ်တော်လေး ခြူးကတော့ အမြဲပျော်ရွှင်တက်ကြွနေတဲ့ သူလေးပဲ ဖြစ်ပါတယ်။

လူအများကြားမှာ ရေပန်းစားလျက်ရှိတဲ့ Tiktok လေးကို အပျော်တမ်းဆော့ရကနေ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို များစွာရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ တော့ Tiktok အခွီ ဗီဒီယိုလေးတွေကို တင်ပေးဖို့ တောင်းဆိုတဲ့ ပရိတ်သတ်တွေ အရမ်းကို များလာတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ပရိတ်သတ် အတွက် ရယ်မောပျော်ရွှင်စရာလေးတွေကို တင်ဆက်ခွင့်ရရင်ကို ပျော်နေတတ်တဲ့ ခြူးလေးကြောင့် ပရိတ်သတ်တွေရဲ့ အချစ်တွေ ပိုပိုပြီးတိုးလာရပါတယ်။

ယခုတစ်ခေါက်လည်း ပရိတ်သတ်တောင်းဆိုမှု အရမ်းများနေလို့ အူလှိုက်သည်းလှိုက် ရယ်မောသွားစေမယ့် ခြူးလေးရဲ့ Tiktok ဗီဒီယိုလေးတွေကို ပရိတ်သတ်တွေ အတွက် တင်ပေးလိုက်ပါပြီနော်။ စောင့်မျှော်နေတဲ့ ပရိတ်သတ်တွေလည်း ခြူးလေးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ အခွီဘယ်လိုလုပ်ထားတယ်ဆိုတာကို ကြည့်လိုက်ကြပါအုံးနော်...။

Source: Chue lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။