သူမရဲ့နာမည်ကတော့ Olga Shishkina ဖြစ်ပြီး သူမရဲ့အသက်ကတော့ 21 နှစ်ရှိနေပါပြီ။

သူမဟာ အသက် ၁၇ နှစ်အရွယ်လောက်မှာ pro-Putin forces ကိုဝင်ရောက်ခဲ့ပြီး သူမရဲ့အသက်မွေးကြောင်းကို လူတွေကိုသတ်ပေးရတဲ့ စနိုက်ပါသမားအဖြစ်နဲ့ ရပ်တည်ခဲ့ပါတယ်။

သူမဟာ မည်သို့သော target ကိုမဆို 4,000 ft လောက်ကနေ မလွဲအောင်ပစ်နိုင်တဲ့ ထူးချွန်လှတဲ့ စနိုက်ပါသမားတစ်ဦးပဲဖြစ်ပါတယ်။  

သို့ပေမယ့် သူမကတော့ စနိုက်ပါသမားဘဝအဖြစ်နဲ့ နှစ်အနည်းငယ်လောက် လူသတ်ခဲ့အပြီးမှာတော့ ကျွန်မနောက်ထပ် လူထပ်မသတ်နိုင်တော့ပါဘူး၊ ဒါတွေကျွန်မလုပ်သင်တဲ မှန်ကန်တဲ့အလုပ်တွေ မဖြစ်နိုင်ပါဘူး လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်သူမဟာ စနိုက်ပါသမားတွေဟာ လူတွေမဟုတ်ကြပါဘူး ၊ သူတို့ဟာ targets တွေပါ ၊ ကျွန်မအနေနဲ့လည်း targets တော်တေ်ာများများကို ပစ်ပေးခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မ မတွေးမိခဲ့တာတစ်ခုက ကျွမ်မလူတွေကိုပြန်ပစ်သတ်မိနေတယ်ဆိုတာပါပဲ လို့လည်းပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူမဟာ စနိုက်ပါသမားဘဝကို အပြီးပိုင်စွန့်လွှတ့်ခဲ့ပြီး အနုပညာလောကနဲ့ သက်ဆိုင်တဲ့ အလှမယ်ဘဝထဲကို ဝင်ရောက်ခဲ့ပါတယ်။ 

အနုပညာလောကထဲ ရောက်လာတဲ့အချိန်မှာတော့ သူမဟာ ကျွန်မလူတွေ မသတ်ရတော့တဲ့အတွက် ပျော်ပါတယ်၊ နောက်ပြီး အခုလိုအနုပညာအလုပ်တွေလုပ်နေရတာဟာ ကျွန်မကိုယ် ကျွန်မ ယုံကြည်မှုတွေပိုတိုးလာစေပါတယ်၊ အဓိကအပျော်ဆုံကတော့ ကျွန်မဘဝက အထက်ကချပေးတဲ့ targets တွေမဟုတ်တော့တာ အရမ်းပျော်ပါတယ်လို့လည်းပြောကြားခဲ့ပါတယ်။

ပရိသတ်ကြီးရေ အရမ်းချောလှတဲ့ စနိုက်ပါသမားလေးက လူသတ်တဲ့အလုပ်ကို သံဝေဂရပြီး အပြီးတိုင်စွန့်လွှတ်ပြီးနေထိုင်သွားတဲ့ သူမရဲ့လုပ်ရပ်လေးကတော့ တွေးကြည့်မိတိုင်းကြည်နူးစရာကောင်းတဲ့လုပ်ရပ်လေးတစ်ခုပါပဲ 

source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။