2018,June 18 မှာ သေနတ်ပစ်ခံရတဲ့ ဒဏ်ရာနဲ့ ဆုံးပါးသွားခဲ့တဲ့ XXXtentacion ဟာ အသက်၂၀ သာရှိနေခဲ့ပြီး သူသက်ရှိထင်ရှား ရှိနေခဲ့တဲ့ အချိန်မှာ အောင်မြင်ပေမဲ့ လူသိနည်းခဲ့ပါတယ်။ သူမရှိတော့တဲ့အချိန်မှာတော့ သူဟာ ပိုအောင်မြင့်ခဲ့ပါတယ်။ သူရဲ့ ‘Changes’ သီချင်းဟာ လူသိများသော သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

သူကွယ်လွန်သွားပြီချိန်မှာတော့ သူထပ်ထွက်ဖို့လုပ်ထားတဲ့ Album ဟာထွက်ရှိလာခဲ့ပါတယ်။ Album နာမည်ကတော့ Skin ဖြစ်ပြီး သီချင်း ၁၀ ပုဒ်ပါကာ စုစုပေါင်း ကြာချိန်ကတော့ ၁၉ မိနစ်သာရှိပါတယ်။ အဲ့Album ထဲကမှ တစ်ပုဒ်ဖြစ်တဲ့ ‘One Minute’ ဆိုတဲ့သီချင်းကိုတော့ ကမ္ဘာကျော် Rapper တစ်ယောက်ဖြစ်တဲ့ Kanye West နဲ့တွဲဆိုထားပြီး Album ထဲမှာ အရှည်ဆုံး သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

ကြာချိန်ကတော့ ၃မိနစ်နဲ့ ၁၇ စက္ကန့်ပဲဖြစ်ပါတယ်။ မကြာသေးချိန်ကမှ MTV ထွက်ရှိထားတဲ့ XXXTENTACION & Lil Pump ft. Maluma & Swae Lee - "Arms Around You" ဆိုတဲ့ သီချင်းဟာလည်း ခံစားနားဆင်လို့ကောင်းပါတယ်။ ပရိတ်သတ်ကြီးအတွက် ဒီသီချင်းလေးကိုမျှဝေပေးလိုက်ပါတယ်နော်…။  

Source : Eoline

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။