ဒီဖြစ်ရပ်မှန်က လန်ဒန်မှာဖြစ်ခဲ့တဲ့ တကယ့်အဖြစ်ပါပရိတ်သတ်ကြီးရေ။ Googleမှာရှာလို့ရအောင် sourceပါထည့်ပေးထားပါတယ်နော်။ (၁၉၉၅) နိုဝင်ဘာ (၁၉)မှာ ရှယော့ရှိုင်းယားက ဝမ်းမြို့တော်ခမ်းမအကြီးအကျယ်မီးလောင်ခဲ့ပါတယ်။ ဒီမီးလောင်မှုကို ဓာတ်ပုံဆရာ တိုနီအိုရဟလီက မှတ်တမ်းဓာတ်ပုံရိုက်ယူခဲ့သတဲ့။ အဲ့လိုမီးလောင်ကျွမ်းနေတဲ့မှတ်တမ်းတင်ဓာတ်ပုံတွေထဲမှာ ပုံတစ်ပုံကတော့ သူ့ကိုအကြီးအကျယ်အံ့သြသွားစေခဲ့ပါတယ်။ အဲ့ဒီပုံကတော့ မီးတောက်မီးလျှံတွေကြားမှာ ရပ်နေတဲ့ကလေးမတစ်ယောက်ရဲ့ပုံပဲဖြစ်ပါတယ်။

ဒါနဲ့ သူလည်းဒီမီးလောင်မှုကို မျက်မြင်တွေ့ခဲ့ရတဲ့ မီးသတ်သမားတွေနဲ့ လူတွေကိုလိုက်လံမေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူမှဒီကလေးမလေးကိုမမြင်မိကြပါဘူး။ အသေအပျောက်စာရင်း ကလေးပျောက်စာရင်းတွေစစ်ခဲ့ပေမယ့်လည်း ဘယ်ကလေးမှပျောက်ရှခြင်းမရှိခဲ့ပါဘူး။ဒါနဲ့ သူဓာတ်ပုံက ဟိုးလေးတကျော်ကျော်ဖြစ်လာတဲအတွက် တော်ဝင်ဓာတ်ပုံဆရာအသင်းက ကျွမ်းကျင်ပညာရှင်ပေါင်းများစွာနဲ့ အဆင့်ဆင့်စစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့် ဓာတ်ပုံက အင် မဟုတ်ခဲ့ဘူးလို့ အဖြေတစ်ခုတည်းသာထွက်လာခဲ့ရပါတယ်။

ဒါကြောင့်ဆက်လက်စုံစမ်းမှုတွေပြုလုပ်ခဲ့ရာ ယခုဝမ်းမြို့တော်ခန်းမ မတည်ဆောက်မီအချိန်က ထိုနေရာမှာ မီးအကြီးအကျယ်လောက်မှုဖြစ်ပွားခဲ့ပြီး ဂျိမ်းချန်းဆိုသော ကောင်မလေးမှာ ဖယောင်းတိုင်မီးနဲ့ သက်ကယ်ကိုမတော်တဆထိမိရာမှ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်းသိရတယ်။ ထိုကောင်မလေးလည်း နေရာတွင်ပွဲချင်းပြီးခဲ့ကြောင်းသိခဲ့ရပါတယ်။ ထိုကောင်မလေးရဲ့ ဓာတ်ပုံကိုထုတ်ပြခဲ့ရာမှာ လည်း မီးတောက်ကြားထဲက တစ္ဆေမလေးနဲ့ ချွတ်စွတ်တူနေကြောင်းကို ထိတ်လန့်ဖွယ်တွေ့မြင်ခဲ့ရပါတယ် ပရိတ်သတ်ကြီးရေ။

Source; Wem Town Hall(Jane Churm)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။