ဒီကလေးငယ်လေးကတော့ မွေးဖွားပြီးချင်း 10 ရက်လောက်မှာတင် သူဟာ ဦးနှောက်သေတဲ့ဝေဒနာမျိုးကိုခံစားခဲ့ရပါတယ်။

ဒီကလေးရဲ့ဦးနှောက်ဟာ ပျက်စီးမှုကြီးမားလှပြီး အောက်စီဂျင် မဝတဲ့ပြသနာက သူ့ကိုအသက်သေဆုံးသွားစေလောက်အောင် ပြင်းထန်မှုရှိတဲ့အခြေအနေမှာရှိခဲ့ပါတယ်။

အဲ့အချိန်မှာပဲ သူရဲ့မိဘတွေဟာ ကလေးငယ်လေးကိုမည်သို့မည်ပုံမှ မကယ်တင်နိုင်ဘဲ သူတို့ရဲ့နောက်ဆုံး နှုတ်ဆက်စကားလေးတွေတောင်ပြောခဲ့ကြပါသေးတယ်။

ဒါပေမယ့် ဒီကလေးကိုဆေးရုံကိုပို့ဆောင်ခဲ့ပြီး ဆရာဝန်တွေအနေနဲ့လည်း ကျိုးစားပြီးဒီကလေးလေးကို ကုသပေးခဲ့ကြပါတယ်။

အဲ့အခြေအနေမှာတော့ ဒီကလေးလေးရဲ့ဦးနောက်ပျက်စီးမှုကို တားဆီးနိုင်ဖို့ဟာ သုံည ရာခိုင်နှုန်းတောင်မရှိတဲ့အခြေပါ။

ဒီလိုနဲ့ဆရာဝန်တွေဟာ ဒီကလေးလေးကို လက်မလျော့ဘဲ ဆက်လက်ကုသပေးလာတဲ့အချိန်အတွင်းမှာဆိုရင်လည်း ကလေးငယ်ဟာ အချိန်တော်တော်များများ နာကျင်ကိုက်ခဲမှုတွေကြောင့် အော်ဟစ်နေခဲ့ရပါတယ်။

အခုအချိန်မှာဆိုရင်တော့ ဒီကလေးဟာ 15 လအရွယ်ရှိနေပြီဖြစ်ပေမယ့် ဆရာဝန်တွေကတော့ ကလေးရဲ့ဦးနှောက်ဟာ လုံးဝသေဆုံးနေခဲ့ပါပြီ ဒါပေမယ့် သူ့အခုလိုအသက်ရှင်နေထိုင်နေနိုင်တာကတော့ တကယ့်ကိုအံ့သြဖွယ်ပါပဲ လို့ပြောကြားခဲ့ပါတယ်။  

ပုံမှန်ဆိုရင်တော့ ဦးနှောက်သေတဲ့လူတစ်ယောက်ဟာ ဘာကိုမှမသိနိုင်တော့ဘဲ အိပ်ရာထဲလဲနေပေမယ့် ဒီကလေးငယ်လေးကတော့ ရယ်မောတာတွေ မျက်လုံးလေးကကစားနေတာတွေ ပြုလုပ်နိုင်နေသေးတာပဲဖြစ်ပါတယ်။

ကလေးငယ်လေးဟာ အခုလိုရှင်နေရက်နဲ့ သေသလိုဖြစ်နေတဲ့ဝေဒနာကိုခံစားရနေပေမယ့်လည်း သူ့အမရဲ့အသံလေးကိုကြားရင် အမြဲပြုံးနေလေ့ရှိပါတယ်။

ဘာတွေပဲဖြစ်ဖြစ် လူ့လောကထဲရောက်ရောက်ခြင်းပဲ အခုလိုရှင်နေရက်နဲ့ သေသလိုခံစားနေရတဲ့သားလေးကိုကြည့်ပြီး မိဘတွေလည်းနေ့တိုင်းလိုလို ဝမ်းနည်းပူးဆွေးနေရမယ်လို့ထင်ပါတယ်။

source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။