အဆိုတော်၊ သရုပ်ဆောင် မင်းသွေးတစ်ယောက် ဆုံးပါးသွားခဲ့တာဟာ နှစ်လကျော်ခန့်ရှိခဲ့ပေမယ့်လည်း သူရဲ့မိတ်ဆွေတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာတော့ မေ့မရနိုင်အောင်ရှိနေဆဲ ဖြစ်ပါတယ်။ ဘောလုံးကစားရတာ ဝါသနာပါတဲ့ မင်းသွေးဟာ သူငယ်ချင်းတွေနဲ့ အမြဲလိုလို ဘောလုံးစုကန်လေ့ရှိပြီး သေဆုံးချိန်မှာလည်း သူချစ်တဲ့ ဘောလုံးကစားရင်းနဲ့ပဲ ရုတ်တရက်ဆိုသလို အားလုံးကို နှုတ်မဆက်ဘဲ လူ့လောကကြီးက ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။

အခုလည်း မင်းသွေးရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ သရုပ်ဆောင် ဇာနည်က မင်းသွေးနဲ့ပတ်သက်ပြီး စိတ်ဆိုးစရာကိစ္စတစ်ခု ပြုလုပ်မိကြောင်း ဝမ်းနည်းစွာ ဖွင့်ဟလာခဲ့ပါတယ်။ အခုဆိုရင် မင်းသွေးပါဝင်သရုပ်ဆောင်ထားတဲ့ "သတ်ကွင်း" ဇာတ်ကားကြီးက လာမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဇာနည်က "ညကတရေးနိုးတော့ ထူးထူးခြားခြားသူ့ကိုသတိရမိနေတယ် မနက်ကမှတ်မှတ်ရရ မိန်းမ ကိုပြန်ပြောဖြစ်လိုက်သေးသည် " ဆိုပြီး မင်းသွေးကို သတိရကြောင်း ပြောပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဇာနည်က "အခုနေ့ခင်းကြတော့ သတ်ကွင်းသွားကြည့်ဖို့တဲ့...ငါ့ကိုတစ်ယောက်ပြီးတစ်ယောက်ဖုန်းဆက်ခေါ်နေကြတယ်..နောက်မှကြည့်တော့မယ်လို့...အဝေးရောက်နေလို့ပါ...သတ်ကွင်းအထူးပွဲတုန်းကလည်း...ငါမအားလို့ပါလို့ဆိုတဲ့အကြောင်းပြချက်နဲ့ငါမကြည့်ခဲ့ဘူး...မင်းသာအနားရှိရင်ငါ့ကိုဘယ်လိုပြောပြီး...ဘယ်လိုတွေစိတ်ဆိုးနေမယ်ဆိုတာကို...ငါသိနေပါတယ် ညီလေး....အခုလည်းမင်းစိတ်ဆိုးမနေနဲ့ဦးနော်..ပိတ်ကားပေါ်မှာမင်းရဲ့ပုံပေါ်လာတဲ့အချိန်ကြရင်...!!!! ငါသူတို့နဲ့အတူတူမကြည့်ချင်လို့ပါကွာ...အကိုတစ်ယောက်ထဲပဲတိတ်တိတ်လောက်နေ့သွားကြည့်မယ်နော်...သာချို...သတ်ကွင်း " ဆိုပြီး မင်းသွေးနဲ့အမှတ်တရတွေကို ထုတ်ပြရင်း ကြေကွဲစွာ ရင်ဖွင့်ပြောပြထားတာ တွေ့ရပါတယ်။ " ကျွန်တော်တစ်ယောက်ထဲသွားကြည့်မှာပါ" ဆိုတဲ့ ဇာနည်ရဲ့စကားတွေကတော့ ပရိသတ်တွေကိုတောင် မျက်ရည်ဝဲစေလောက်ပါတယ်နော်။

Source:Zarni Htay 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။