ပရိတ်သတ်ကြီးရေ... အနုပညာလောကမှာ ဟာသသရုပ်ဆောင်တစ်ယောက်အနေနဲ့ အရမ်းကို လူကြိုက်များအားပေးခဲ့တဲ့ သရုပ်ဆောင်ကစ်ကစ်ဟာ သူမရဲ့ ရောဂါဖောက်ပြန်မှုကြောင့်ဆေးရုံကို ဆင်းလိုက်တက်လိုက် ခနခနလုပ်နေခဲ့ရပါတယ်။ အခုတော့ သူမအခြေအနေ တဖြည်းဖြည်းကောင်းမွန်လာတာကြောင့် ဆေးရုံကနေပြန်လည်ဆင်းခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ကျောက်ကပ်ကိုတော့ဆက်လက်ဆေးနေရအုန်းမှာပဲဖြစ်ပါတယ်။

နှလုံးဆေးတွေကတော့ ပုံမှန်ဆက်သောက်နေရအုန်းမှာဖြစ်ပြီးတော့ အဆုတ်ထဲကရေတွေကိုတော့ စုတ်ထုတ်ထားပြီဖြစ်တဲ့အတွက်အဆင်ပြေနေပါတယ်လို့သိရပါတယ်။ မျက်လုံးကွယ်သွားတယ် ဆိုတဲ့ကိစ္စဆိုတော့ အားလုံးပြီးမှ ဆက်ကုမယ်လို့လည်းသိရပါတယ်။ ကျောက်ကပ်အစားထိုးကုသမှုကိုလည်း သာမာန်လူကောင်းတစ်ယောက်နီးပါးပြန်လည်ကောင်းမွန်လာတော့မှအစားထိုးကုသပါမယ်

လို့ပြောထားတာတွေ့ရပါတယ်။ကစ်ကစ်ကတော့နေမကောင်းခင်ကတည်းက နေပြန်ကောင်းလာတာနဲ့ အရင်လိုဟာသတွေပြောပြီးသရုပ်ဆောင်ချင်နေပါသေးတယ်လို့ဆိုထားပါတယ်။

ပရိတ်သတ်ကြီးရဲ့အချစ်တော် အကယ်ဒမီ ရန်အောင် ဟာလည်း သရုပ်ဆောင်ခင်သဇင် နဲ့ရှုတင်မှာတွေ့တုန်းကခနမှာ ကစ်ကစ်အတွက် ဆေးကုသစရိတ်ထောက်ပံ့ငွေအဖြစ် ငါးသိန်းကျပ်ကို ခင်သဇင်ကနေတစ်ဆင့် လှူဒါန်းခဲ့ပါတယ်။ ဒီအတွက်လည်းကျေးဇူးအရမ်းတင်ကြောင်း သာဓုခေါ်ကြောင်းကို ခင်သဇင်လေးကသူမရဲ့ Facebookစာမျက်နှာပေါ်မှာဖော်ပြထားခဲ့ပြန်ပါတယ်။ ပရိတ်သတ်ကြီးရေ... ပရိတ်သတ်ကြီးကိုအမြဲပျော်အောင် ရယ်မောအောင်လုပ်ပေးခဲ့တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ကို နေအမြန်ပြန်ကောင်းလာဖို့ ဝိုင်းဆုတောင်ပေးလိုက်ကြပါအုန်းနော်......

Source:Khin Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။