ကမ္ဘာ့နိုင်ငံအသီးသီးကလေးစားအားကျနေရတဲ့ မြန်မာ့ကိုယ်စားပြု One Championship (MMA) ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းရဲ့အောင်မြင်မှုကို အားလုံးလည်း လေးစားကြမယ်ထင်ပါတယ်။ ပွဲကောင်းများစွာကို ထိုးသတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဝှေ့သမားများစွာရဲ့ လေးစားမှုကို ရရှိထားတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ လက်ရှိ မိသားစုနဲ့အတူ ပျော်ရွှင်စရာလေးဖန်တီးဖြတ်သန်းနေပြီး မကြာမီယှဉ်ပြိုင်မည့်ပြိုင်ပွဲအတွက်စောင့်မျှော်နေကြောင်းသိရပါတယ်။   

မနေ့က အောင်လအန်ဆန်းတို့ မိသားစုလေးကတော့ အမိမြေရန်ကုန်ကို ရောက်ရှိခလာပြီး ပြိုင်ပွဲအတွက် ရက်အတော်ကြာ ပြင်ဆင်ဖို့ပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။ လက်ရှိ အောင်လအန်ဆန်းကတော့ Novotel Yangon Max မှာတည်းခိုနေပြီး နောက်ပြိုင်ပွဲအတွက် ဝိတ်တက်ရန်မြန်မာအစားအစာတွေကို စိတ်ကြိုက်စားသုံးသွားမှာဖြစ်ကြောင်း သိရပါတယ်။  

အောင်လအန်ဆန်းရဲ့ အမိမြေအပြန်ခရီးကို ပြည်တွင်းပရိသတ်တွေသွားရောက်ကြိုဆိုခဲ့ကြပြီး စိတ်ဝင်စားစရာ Suprise လေးဖြင့် အောင်လအန်ဆန်းတို့မိသားစုအပြုံးကို ဖော်ဆောင်ခဲ့ကြတာတွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးတွေနဲ့ ပြည်တွင်းမှာ ရက်အတော်ကြာနေထိုင်သွားမှာဖြစ်ပြီး မြန်မာ့ရိုးရာအစားအစာတွေဖြင့် ဝိတ်တက်ရန်ပြင်ဆင်သွားမယ့် အောင်လတို့မိသားစုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။