ဘောလုံးလောကမှာ အကျော်အမော်ကစားသမားတစ်ယောက်ဖြစ်တဲ့ Cristiano Ronaldo ဟာဆိုရင် Lionel Messi ကို သူလိုမျိုးစိန်ခေါ်မှုကိုလက်ခံရန် Spain ကနေထွက်ပြီး Series A မှာကစားဖို့မျှော်လင့်ကြောင့် ပြောကြားခဲ့ပါတယ်။ အသက် ၃၃နှစ်ရှိပြီးဖြစ်တဲ့ Ronaldo ဟာဆိုရင် ခုချိန်မှာတော့ Italy Clup ဖြစ်တဲ့ Juventus မှာကစားနေပါတယ်။ သူဟာ Real Madrid မှာ ၉နှစ်ကစားခဲ့ပြီး La Liga ၂ကြိမ်နဲ့ Champion League ဖလားကို ၄ကြိမ် ဆွတ်ခူးထားနိုင်ပါတယ်။

Real Madrid မှာသူကစားနေတဲ့ချိန် Messi Head To Head ထိပ်တိုက်အမြဲရင်ဆိုင်ရစမြဲပါ။ ဒါပေမဲ့ခုချိန်မှာတော့ သူတို့နှစ်ယောက်ဟာ ထိပ်တိုက်ရင်မဆိုင်ရတော့ပဲ တစ်ယောက်က Spain Club မှာဖြစ်ပြီး တစ်ယောက်က Italy Club မှာကစားနေကြသော်ကြောင့်ပဲ ဖြစ်ပါတယ်။"သူ Italy ကိုတစ်ရက်ပြောင်းလာမယ်လို့မျှော်လင့်ပါတယ်... ကျွန်တော်လိုမျိါ်ပဲ သူလဲစိန်ခေါ်မှုကို လက်ခံရင်ဆိုင်မယ်ဆိုရင်တော့ ကျွန်တော်လေးစားမိမှာပါ" လို့ Ronaldo က Italy စာနယ်ဇင်းပွဲတစ်ခုမှာပြောခဲ့ပါတယ်။

တကယ်လို့ Messi သာမလာခဲ့ရင်ရောလိုမေးတဲ့အခါမှာတော့ သူဟာ" ကျွန်တော့်အတွက်ကတော့ဘာမှမဖြစ်ပါဘူး သူ Spain မှာရှိနေတဲ့အချိန်တွင်းမှာလည်း ကျွန်တော်ဟာ England, Spain, Italy, Portugal နဲ့ ကျွန်တော်ရဲ့ နိုင်ငံ အသင်းတွေမှာလဲကစားခဲ့ပါတယ်။ သူကကျွန်တော်ကို ပိုပြီလိုအပ်မယ်ထင်ပါတယ်။ ကျွန်တော်အတွက်ကတော့ ဘဝဆိုတာ စိန်ခေါ်ရတာနဲ့အတူတူပါပဲ..လူတွေကို ပျော်ရွှင်အောင် လုပ်ရတာ ကျွန်တော် ကြိုက်ပါတယ်" လို့ပြန်လဲပြောကြားခဲ့ပါတယ်။

Source : Sky Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။