ပရိသတ်ကြီးရေ မင်းသမီးလေး ယုသန္တာတင်ကိုတော့ အားလုံးက ချစ်ခင်အားပေးကြမယ် ထင်ပါတယ်။ အနုပညာလောကကို စင်တင်မင်းသမီးဘဝဖြင့် စတင်ဝင်ရောက်ခဲ့တဲ့သူမက ခေါင်းဆောင်မင်းသမီးအဖြစ် ဗီဒီယိုဇာတ်ကားတွေမှာ စတင်သရုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် အောင်မြင်ကျော်ကြားလာခဲ့တာပဲ ဖြစ်ပါတယ်။

ခရီးခဏခဏထွက်နေရရင် ပျော်ရွှင်နေတဲ့ သူမကတော့ မကြာခဏဆိုသလို ပြည်တွင်းပြည်ပခရီးစဉ်တွေ ဆက်တိုက်ထွက်နေတာဖြစ်ပြီး အေးဆေးအနားယူနေတာပဲ ဖြစ်ပါတယ်။လတ်တလောမှာတော့ အရမ်းလှတဲ့ chiristmas လှေခါးလေးမှာ ရိုက်ထားတဲ့ အမှတ်တရ ပုံလေးတွေကိုဖော်ပြ ထားတာတွေ့ရပါတယ်။ ပုံလေးတွေတိုင်းမှာ စွဲမက်ဖွယ်ကောင်းလောက်အောင်ကို ယုတစ်ယောက်ကတော့ လှနေတာလည်းဖြစ်ပါတယ်။

ယုရဲ့ အရမ်းကိုပျော်ရွှင်နေတဲ့ မျက်နှာလေးကို ပုံရိပ်လေးတွေထဲမှာ အထင်းသားမြင်တွေ့ရပါတယ်နော်။ယုကတော့ အမြဲလိုလို ဖက်ရှင် အမိုက်စားလေးတွေနဲ့ စမတ်ကျလန်းနေသူလေးလည်းဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးတွေတွက် ယုသန္တာတင်ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source:Yu Thandar Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။