ပြည်သူအချစ်တော် မင်းသမီးချောလေးဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ ပရိတ်သတ်တွေ အရမ်းကို ချစ်ကြတဲ့ မြန်မာပြည်က နတ်သမီလေးတစ်ပါး ပါပဲ ။ ရွှေကစ်လေး ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ဆိုတာကိုတော့ စာဖွဲ့ပြီးတော့ ပြောရင်တောင်ကုန်မယ်မထင်ပါဘူး ပရိတ်သတ်ကြီးရေ..။ ရုပ်ရှင်အနုပညာမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် အကယ်ဒမီရွှေစင်ရုပ်ထုကိုလည်း ပိုင်ဆိုင်ထားနိုင်သူတစ်ဦးဖြစ်ပါတယ်။

ယခုချိန်ထိ အပျိုကြီး တစ်ကိုယ်တည်းဖြစ်နေတဲ့ ကစ်လေးကတော့ အရာအားလုံးထက် လှပပြီး ပျော်စရာအချိန်တွေဖြတ်သန်းနေသူလေး ပဲ ဖြစ်ပါတယ်။ သူမရဲ့ နှလုံးသားကတော့ ယခုချိန်ထိအေးစက်လျက်ရှိပြီး သူမရဲ့ အချစ်တွေကို အကုန်လုံးကို ပရိတ်သတ်တွေဆီမှာ ပုံအပ်ထားသူလေးပါနော်။ အပျိုကြီးမမဖြစ်နေတဲ့ ရွှေကစ်လေးကတော့ ညီမဖြစ်သူ နဒီရွှေရည်ရဲ့ သားလေးကို အချစ်တွေပိုနေရတာဖြစ်ပါတယ်။

ယခုလာမယ့် ခရစ်စမတ်အကြိုလေးမှာ ချစ်စရာကောင်းတဲ့ တူတော်မောင်လေးနဲ့ အတူ ပျော်ရွှင်စရာအချိန်လေးတွေကို ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဘာဘီရုပ်လေးနဲ့ တူတဲ့ ရွှေကစ်လေးက ချစ်ဖို့ကောင်းတဲ့ တူလေးကို ချီပြီး ခရစ်စမတ်ကြီး သစ်ပင်ကြီးအောက်မှာ ဆော့နေကြတာဖြစ်ပါတယ်။ ကလေးလေးတွေကို ချစ်တတ်တဲ့ ကစ်လေး အတွက်တော့ တူတော်မောင်လေးက ကစ်ရဲ့ အသည်းကျော်လေးဖြစ်လို့ နေပါတယ်နော်။

Source:Wutt Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။