ခုလိုဆောင်းရာသီမှာ တစ်ခြားရာသီဥတုတွေနဲ့ မတူတဲ့အတွက် အသားရည်ကိုဂရုစိုက်ရပါမယ်။ဆောင်းတွင်းမှာ ခြောက်သွေ့တဲ့အသားရည်ပိုင်ရှင်တွေအတွက် ဘယ်လိုနည်းလမ်းလေးတွေနဲ့ လုပ်ဆောင်သင့်သလဲ ဆိုတာကိုတော့ ခုတင်ပြပေးသွားမှာဖြစ်ပါတယ်။ အိမ်မှာပဲ လုပ်တဲ့နည်းလေးတွေဖြစ်လို့ အချိန်လည်း မကုန်တော့ဘူး အေးဆေးပိတ်ရက်လေးမှာလုပ်ကြည့်လိုက်နော် 

ငှက်ပျော်သီးမှည့်တစ်လုံး၊ ပြီးတော့ပျားရည် ထမင်းစားဇွန်းတစ်ဇွန်း သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစသည် တို့ကိုရောမွေပြီးတော့ မျက်နှာအနှံလိမ်းပေးပါနော်။ ၁၀ မိနစ်ပဲထားပေးပါ။ ပြီးမှမျက်နှာသစ်ချလိုက်ပါ။ ဒီလိုမျိုးလေးတွေလုပ်ပေးရင် အရည်ပြားပျက်စီးတာတွေ ကောင်းမွန်စေပါတယ်။ဒိန်ချဉ် ထမင်းစားဇွန်း တစ်ဇွန်း ပျားရည် နှင်းဆီပွင့် စသည်တို့နှင့်ရောနှောပြီးပျစ်ပျစ်လေးဖျော်ပါ။ မျက်နှာပေါ်လိမ်းပေးပြီး မိနစ် ၂၀ ခန့်ထားပေး ပါပြီးမှ မျက်နှာသစ်ပါ ဒီလိုလုပ်ပေးခြင်းဖြင့် အသားရည်ခမ်းခြောက်ခြင်းအတွက် အရမ်းကို အသုံးဝင်လှပါတယ်။ 

နောက်တစ်နည်းကတော့ ကြိတ်ထားတဲ့ အုတ်ဂျုံကိုထမင်းစားဇွန်း ၃ ဇွန်း နှင်းဆီပွင့်ဖတ်ကိုအရည် လုပ်ထားတဲ့ နှင်းဆီပွင့်ဖတ်ရည် နဲ့ ခပ်ပျစ်ပျစ်လေးဖျော်ပြီး မျက်နှာအနှံလိမ်းပေး၊ ၁၀ မိနစ်ထားပေးပါ။ ပြီးမှာရေအေးနဲ့ ဆေး ချပေးပါ။ ဒီလိုမျိုးတွေ လုပ်ပေးမယ်ဆိုရင်တော့ ဆောင်တွင်းမှာ ခံစားရတတ်တဲ့ အသားရည်ခြောက်သွေ့ခြင်း အသားကွဲအပ်ခြင်းတွေကို ပျေက်ကင်းစေမှာဖြစ်ပါတယ်။ အိမ်မှာလုပ်ကြည့်ဖို့တော့ မမေ့နဲ့နော်။

source: Soundarya c

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။