မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့၁၉ကြိမ်မြောက်အာစီယံတက္ကသိုလ်အားကစားပြိုင်ပွဲမှာတော့နိုင်ငံအသီးသီးကတက္ကသိုလ်လက်ရွေးစင်ကစားသမားတွေပါဝင်ခဲ့ကြပါတယ်။ဒီပြိုင်ပွဲကိုတော့ဒီဇင်ဘာ၁၀ရက်နေ့ကနေပြီး၁၉ရက်နေ့အထိနေပြည်တော်မှာကျင်းပသွားမှာဖြစ်ပါတယ်။မြန်မာတက္ကသိုလ်အသင်းကလည်းဒီပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်ပြီးပြိုင်ပွဲဝင်နေတာဖြစ်ပါတယ်။

ပရိတ်သတ်စိတ်အဝင်စားဆုံးဖြစ်တဲ့ဘောလုံးပြိုင်ပွဲကိုလည်းစတင်ကျင်းပနေပြီဖြစ်ပါတယ်။စတင်ကျင်းပတဲ့နေ့တည်းကမြန်မာနိုင်ငံအတွက်ရွှေတံဆိပ်ဆုတွေကိုယူပေးနေတာဖြစ်ပြီးယနေ့နေ့လယ်12:00အချိန်အထိဆုတံဆိပ်ရပ်တည်မှုဇယားရပ်တည်မှုမှာတော့မြန်မာအသင်းကရွှေ၇ခုငွေ၄ခုကြေး၅ငါးခုနဲ့ဇယားရဲ့ထိပ်ဆုံးမှာရပ်တည်နေတာဖြစ်ပါတယ်။

မြန်မာအားကစားအဖွဲ့အတွက် ရွှေတံဆိပ်၆ခု၊ ငွေတံဆိပ်၃ခု၊ ကြေးတံဆိပ်၄ကိုတော့ တက္ကသိုလ်လက်ရွေးစင်ဝူရှူးအသင်းကရယူပေးထားတာဖြစ်ပါတယ်။ရိုးရာခြင်းလုံးကနေအတွက်လည်းရွှေတံဆိပ်တွေကိုယူပေးထားတာဖြစ်ပါတယ်။မြန်မာတက္ကသိုလ်လက်ရွေးစင်ကစားသမားတွေကတော့အိမ်ရှင်အဖြစ်ကျင်းပတဲ့ဒီပွဲလေးမှာပထမနေရာကနေဆုတံဆိပ်တွေသိမ်းပိုက်နိုင်ဖို့ပြိုင်ပွဲတိုင်းမှာကြိုးစားနေတာဖြစ်ပါတယ်။ကျန်ရှိတဲ့ပွဲစဉ်တွေကိုလည်းကစားရမှာဖြစ်တာကြောင့်ပရိတ်သတ်တွေလည်းအားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်.

SOURCE:ASEAN University Games 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။