ကျွန်တော်တို့ဒီညမှာဆိုရင်တော့ Champion League ပွဲကောင်းများကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ ဒီညကန်မဲ့ပွဲတွေထဲကမှ ပွဲကောင်းတစ်ကောင်းဖြစ်တဲ့ Liverpool နဲ့ Napoli တို့ကတော့ ပရိတ်သတ်တွေ မလွတ်တိုင်း ကြည့်ရှူရမဲ့ ပွဲကောင်းပဲဖြစ်ပါတယ်။ Champion League Group C မှာ တော့ Napoli ဟာ ၉မှတ် အသာနဲ့ထိပ်ဆုံမှာရပ်တည်နေပြီ ဒုတိယနေရာမှာတော့ PSG အသင်းက ၈မှတ်နဲ့ရပ်တည်နေပြီး Liverpool ကတော့ ၆မှတ်နဲ့ တတိယနေရာမှာရပ်တည်နေပါတယ်။

Group C ကတော့ ရင်ခုန်စရာတွေအပြည့်ပါပဲခဗျ။ ဘာလို့လဲဆိုတော့ အဲ့ ၃သင်းထဲက နိုင်တဲ့အသင်းက အုပ်စုတက်မှာပဲ ဖြစ်ပါတယ်။ ဒီညကန်မဲ့ Napoli နဲ့ Liverpool ပွဲကတော့ မြန်မာစံတော်ချိန်အရ မနက် ၂နာရီ မိနစ်၃၀ မှာ ကန်သွားမှာဖြစ်ပါတယ်။ အဲ့ပွဲမှာသာ Napoli သာနိုင်ခဲ့ရင် အုပ်စုတက်မှာဖြစ်ပြီး Liverpool နိုင်ရင်လဲ Liverpool တက်မှာဖြစ်ပါတယ်။တစ်ဖက်မှာလဲ PSG နဲ့ CZvezda တို့တွေ့ကြမှာဖြစ်ပါတယ်။ Napoli ရှုံးပြီး Liverpool နိုင်ရင်တောင် PSG က CZvezda ကနိုင်ခဲ့ရင် PSG တက်မှာဖြစ်ပါတယ်။

နောက်ထပ်ပွဲကောင်းတစ်ပွဲကတော့ Barcelona နဲ့ Tottenham Hotspur တို့ပွဲပဲဖြစ်ပါတယ်။ ယင်းပွဲကိုလဲ ၂နာရီ ၃၀မှာ ပြသသွားမှာဖြစ်ပါတယ်။ ဒီညကတော့ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နက်နေတော့မဲ ညပဲဖြစ်ပါတယ်။ အိပ်ရေးပျက်ခံရကျိုးနပ်ပါတယ်ဗျာ။ ပရိတ်သတ်ကြီးကရော ဘယ်ပွဲကိုကြည့်ကြမှာလဲ ခွဲပြီးတော့ကြည့်ကြမှာလား....ဒီညပွဲတွေဟာ လက်လွှတ်မခံသင့်ဘူးနော်။ မနက်ဖြန်အလုပ်ခွင့်တင်ပြီး ဒီညပွဲကို ကြည့်ကြမှာလား....။

Source : Sky Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။