ဖော့ဆို့များဖြင့် ပြုလုပ်ထားသော စမတ်ဖုန်းသည် တွေ့ရန် မလွယ်ကူသော ပစ္စည်းတစ်ခုဟုဆိုရမှာပါ။ ထို့ကြောင့် MWC 2018 တွင် Ikimobile မှာ စိတ်ဝင်စားစရာဖြစ်စေခဲ့ပြီး Ikimobile သည် အများစုကို ဖော့ဆို့များဖြင့်သာ ဖန်တီးခဲ့ပြီး 100% natural renewable ဖြစ်ပြီး recycle ပြု လုပ်နိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော အရာများကို ထုတ်လွှတ်မှုမရှိကြောင်း သိရသည်။  

ပေါ်တူဂီဈေးကွက်မှနေ၍ သီးခြားထုတ်လုပ်နိုင်ခဲ့ခြင်းကို ကုမ္ပဏီမှ ဂုဏ်ယူလျက်ရှိပြီး စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံနိုင်ခဲ့ပါတယ်။ BLESSPLUS စမတ်ဖုန်းမှာ အံ့သြဖွယ်ရာကောင်းမွန်ခဲ့ပြီး ထိခိုက်မှုဒဏ်ကို ခံနိုင်ရည်မြင့်မားလာခဲ့ပြီး ဖုန်း၏ကျောဘက်ကို သဘာဝအတိုင်း ဖော့ဆို့များဖြင့် ဖန်တီးထားပြီး ထူးခြားသော ပုံစံအားရရှိစေခဲ့ပါတယ်။ အနက်နှင့် သစ်သားရောင် 2 မျိုးအားရနိုင်ပြီး အလွန်ကျစ်လျစ်စွာ ဖွဲ့စည်း ထားသဖြင့် ခံနိုင်ရည်အတော်ရှိပါတယ်။ 

အတွင်းပိုင်း၌ပင် နေရာအချို့ အား ဖော့ဆိုများဖြင့် သုံးခဲ့ပြီး သဘာဝပတ်ဝန်းကျင်အားကိုက်ညီစေခဲ့ပါတယ်။ အရှေ့ဘက်တွင်မူ BLESSPLUS သည် ပုံမှန်စမတ်ဖုန်းသာဖြစ်ပြီး 5.99” ,18:9 , Full HD IPS panel ပါဝင်ကာ Gorilla Glass ကို သုံးစွဲထားပြီး MediaTek Helio P20 အား RAM 6 GB, storage 64 GB ဖြင့် ဖန်တီးထားတယ်လို့ သိရပါတယ်။ 

Source : Net Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။