အမျိုးသားတွေ အတွက်ကော အမျိုးသမီးတွေ အတွက်ပါ ဆံပင်ဆိုတာ ကိုယ်ခန္ဓာတစ်ခုလုံးမှာ တန်ဖိုးအထားရဆုံး အရာ တစ်ခု ဖြစ်မယ်ပါလိမ့်မယ်။ အထူးသဖြင့်တော့ မိန်းမတို့ ဘုန်း ဆံထုံးဆိုသလို မိန်းကလေးတစ်ယောက်အတွက် ဆံသားတွေ နက်မှောင်တောက်ပပြီး လှနေဖို့ အတွက်က အမျိုးသမီးတိုင်းအတွက် အရေးကြီးပါတယ်နော်။ ယခု အချိန်မှာ ဆောင်းရာသီကိုလည်း ရောက်ရှိလာပြီဆိုတော့ ဦးရေပြား မခြောက်သွေ့အောင် အလွန်ပင် ဂရုစိုက်ရပါတယ်။ ဒါကြောင့် ဦးခေါင်းပေါ်မှာ အမြင်ဆိုးစေမယ့် ဗောက်တွေကို မဖြစ်ပွားအောင် ဘယ်လိုကုသဖြေရှင်းရမလဲဆိုတာကို ပရိတ်သတ်တွေ အတွက် မျှဝေပေးလိုက်ပါတယ်။

ခေါင်းပေါ်မှာ ရှိတဲ့ ဗောက်တွေကို ဘယ်လိုကုသရမယ်ဆိုတာ မပြောခင် ဗောက်တွေ ဘယ်လိုစတင်ပေါက်ပွားလာတယ်ဆိုတာကို ပြောပြချင်ပါတယ်။ ဗောက်တွေဟာ လူသားတွေရဲ့ သာမန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေကနေ တဆင့်ဖြစ်ပေါ်လာတဲ့ မှိုပုံစံ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ထိုဘက်တီးရီးယား ပိုးမွှားတွေက အအေးဓာတ်ကြောင့် ဦးရေပြားခြောက်သွေ့နေတဲ့ အခါမျိုးတွေမှာ ဦးရေပြားမှာ စတင်ပေါက်ဖွားလာတာဖြစ်ပါတယ်။ ဒါပြင့် တစ်ခါတလေ ဖုန် အညစ်အကြေးတွေနဲ့ ဓာတ်မတည့် မှုတွေကြောင့်လည်း ဗောက်တွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါဆိုရင် ဘယ်လိုကုသကြမလဲ .....

ဗောက်တွေကို အမြစ်ပြတ် ကုသဖို့ အတွက် အရမ်းစဉ်းစားနေစရာမလိုတော့ ပါဘူး။ အောက်မှာပြောပြထားတဲ့ အချက်တွေထဲက အဆင်ပြေမယ့် နည်းလမ်းကို အသုံးပြုပြီး ကုသလို့ရပါပြီနော်။

(၁) ပထမဆုံးတစ်ချက် အနေနဲ့ကတော့ လက်ဖက်ပင်က ထွက်တဲ့ အဆီပါ။ သူမှာ မမြင်နိုင်တဲ့ ဘက်တီးရီးယား ပိုးမွှားလေးတွေကို သတ်နိုင်စွမ်းရှိတာကြောင့် အရမ်းကို တန်ဖိုးကြီးတဲ့ ဆေးဖက်ဝင် အပင်တစ်ပင်ပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြစ်လည်း ပရိတ်သတ်တို့ ယခု သုံးနေကြတဲ့ ခေါင်းလျှော်ရည်တွေထဲမှာလည်း လက်ဖက်ဆီက ၅% လောက်ပါဝင်ပါတယ်။ လက်ဖက်ပင်က ထွက်လာတဲ့ အဆီကို ဦးရေပြားအနှံလိမ်း ပေးမယ်ဆိုရင် ဗောက်တွေကို အမြစ်ပြတ်အောင် ဖယ်ရှားနိုင်ပါလိမ့်မယ်။

(၂) အုန်းဆီရဲ့ အစွမ်းတွေကတော့ အထူးပြောနေစရာမလိုလောက်အောင် ပရိတ်သတ်တွေသိကြပါလိမ့်မယ်။ အုန်းဆီကို ပုံမှန်လိမ်းခြင်းဖြင့် ဦးရေပြားခြောက်သွေ့မှာကို မပူရတဲ့ အတွက် ဗောက်ဖြစ်ဆိုတာ အဝေးကြီးမှာပါနော်။ ဒါမယ့်တစ်ချို့ အုန်းဆီနဲ့ မတည့်တဲ့ သူတွေရှိပါလိမ့်မယ် ဒါဆိုရင်တော့ တခြားနည်းလေးကို သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၃) အမျိုးသမီးတွေရဲ့ အလှအပဆိုင်ရာမှာ အရမ်းကို အသုံးဝင်တဲ့ ပစ္စည်း တစ်ခုဖြစ်တဲ့ ရှားစောင်းလက်ပတ်ကတော့ ဗောက်တွေကို ပျောက်ကင်းအောင်ကုသတဲ့ နေရာမှာလည်း အရမ်းကို အသုံးဝင်တဲ့ အပင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ရှားစောင်းမှာဆိုရင် ဘက်တီးရီးယား ပိုးမွှားတွေကို သေစေနိုင်တဲ့ အပြင် မှိုရောဂါတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒါကြောင့် သုံးရမှာ အရမ်းမခက်စေမယ့် နည်းလေး ဖြစ်မယ့်လို့ထင်ပါတယ်နော်။

(၄) နောက်တစ်ချက်ကတော့ တကယ့် အံ့မခန်းပဲနော်။ ဘာလို့ဆိုတော့ ပိုက်ဆံလည်းလုံးဝကုန်စရာမလိုပဲ ကိုယ့်ရဲ့ စိတ်ကို ထိန်းချုပ်နိုင်ရုံနဲ့ ဗောက်တွေကို ပျောက်ကင်းအောင် လုပ်တဲ့ နည်းလေးပါ။ စိတ်ချမ်းသာရင် လူလည်း ကျန်းမာတဲ့ ဆိုတဲ့ စကားအတိုင်း စိတ်ဖိစီးမှုတွေကို အကောင်းဆုံးလျော့ချခြင်းဟာလည်း ဗောက်တွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။

(၅) နောက်ဆုံးနည်းလေးကတော့ မုန့်ဖုတ်ဆိုဒါပဲ ဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါမှာဆိုရင် မှိုတွေကို ဖြစ်ပေါ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပြီး ဗောက်ကြောင့် ဖြစ်ပေါ်လာတဲ့ ယားယံမှုတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

အထက်ပါ ပြောပြသွားတဲ့ အချက်လေးတွေက ပရိတ်သတ်တွေအတွက် အသုံးဝင်မယ်လို့ထင်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေနော်။

Source:www.healthline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။