ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့မှာ အသုံးပြုနေပြီဖြစ်သည့် လမ်းဖြတ်ကူးတဲ့ စနစ်အသစ်အဆန်းလေးတစ်ခုအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီစနစ်အသေးလေးကတော့ တစ်ခေတ်တစ်ခါက အလွန်နာမည်ကြီးခဲ့တဲ့ ကမ္ဘာကျော် Rock ဘုရင် အဲလ်ဗစ် ပရက်စလေ ရဲ့ ကကွက်တွေကို ကားလမ်းဖြတ်ကူးရာမှာ သုံးနေပီပဲ ဖြစ်ပါတယ်။ 

ပုံမှန်အားဖြင့် နိုင်ငံတော်တော်များများရဲ့ ကားလမ်းဖြတ်ကူးရာမှာ အသုံးပြုတဲ့ အမှတ်အသားတွေဟာ သာမန်လူပုံစံအရုပ်ကလေးတွေကိုသာ အသုံးပြုတာပဲ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့မှာတော့ ဒီစနစ်ဟောင်းကို အသုံးမပြုတော့ပဲ အသစ်အဆန်းအဖြစ် အခုလို ပရက်စလေရဲ့ ကကွက်တွေကို ထည့်သွင်း အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။  

ဒီလမ်းကူး စနစ်ကို လူအတော်များများက နှစ်သက်သဘောကျနေကျပြပီး အမှတ်အသားအသစ်တွေကို ပြောင်းလဲဖို့အတွက် ဒေါ်လာ ၁ထောင်ကျော် အကုန်အကျခံခဲ့ရတယ်လို့လည်း သိရပါတယ်။ အပိုတစ်ချက်အနေနဲ့Rock ဘုရင် ပရက်စလေဟာ ၁၉၅၈ ခုနှစ်ကနေ ၁၉၆၀ ခုနှစ်အထိ ဒီမြို့လေးမှာ အမှုထမ်းခဲ့တယ်ဆိုတာ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်နော်။ 

Source : UPI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။