ပရိတ်သတ်ကြီးရေ... ဆုပန်ထွာဆိုတာကတော့ အဆိုလည်း ကောင်း သရုပ်ဆောင်လည်းကောင်း တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ အနုပညာနယ်ပယ် နှစ်ခုစလုံးမှာထူးချွန်တဲ့သူမဟာ ယခုဆိုရင်ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကမ္ဘာလေးကို ပိုင်ဆိုင်ထားရပြီး အနုပညာရှင်တွေထဲမှာပရိတ်သတ်တွေအားကျနေရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

သူမနဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ ဥက္ကာကျော်တို့ဟာ ဆေးလိပ်အစားထိုး ရေငွေ့ Vape Cityအရောင်းဆိုင်တွေကိုလည်းဖွင့်လှစ်ထားပြီး သမာအာဇီဝကျကျ စီးပွားရေးလုပ်ကိုင်လျက်ရှိပါတယ်။ သူမတို့နှစ်ဦးရဲ့သားလေး Roar Roarက တော့ အရွယ်လေးနဲ့မလိုက်အောင် အရမ်းလိမ္မာပြီး မိဘစကား ကိုအရမ်းနားထောင်တဲ့အပြင် ဖေဖေနဲ့မေမေတို့သွန်သင်ဆုံးမမှုတွေကြောင့် စည်းစနစ်ကျတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ရတဲ့အတွက် ပရိတ်သတ်တွေ သည်းသည်းလှုပ်အချစ်တွေပိုနေခဲ့ရပါတယ်။ သူမတို့မိသားစုလေးဟာ ပျော်စရာလည်းကောင်းသလို ပရဟိတတွေလည်း လက်လှမ်းမှီသလောက်လုပ်နေခဲ့ကြပါတယ်။

ဒီမိသားစုလေးကို ဦးစီးဦးဆောင်လုပ်နေတဲ့ အိမ်ဦးနတ်ဖြစ်တဲ့ ကိုဥက္ကာကျော်ကတော့ မင်းသမီး ဆုပန်ထွာနဲ့လက်ဆက်ဖြစ်ခဲ့ပုံကို"ကိုယ်တွေကတော့ရှင်းတယ်ကာမလိမ်လည်မှုမဖြစ်အောင် သူ့ကိုအရမ်းချစ်လို့ လက်ထပ်လိုက်တယ်" ဆိုပြီး ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ ဒါကိုတော့ ကိုဥက္ကာကျော်က သူ့ရဲ့Facebookစာမျက်နှာပေါ်မှာကိုယ်တိုင်ရေးသားဖော်ပြခဲ့တာကိုတွေ့ရပါတယ် ပရိတ်သတ်ကြီးရေ....

Source : Oakkar Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။