သရုပ်ဆောင်ဒါရိုက်တာ ခင်လှိုင်တစ်ယောက် အမိုက်စား Harley-Davidson ဆိုင်ကယ်ကြီးနဲ့ အပြတ်အသတ်လန်းနေတာပဲဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းခဲ့တာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ပရိသတ်အားပေးမှုအပြည့်အဝရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ရင်ထဲက အကယ်ဒမီကို အကြိမ်ကြိမ်ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဟာသဇာတ်ရုပ်တွေမှာအများဆုံးတွေ့ရပြီး ပရိသတ်တွေရဲ့ ရယ်မောပျော်ရွှင်မှုတွေကို အပြည့်အဝသယ်ဆောင်ပေးနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ သရုပ်ဆောင်အဖြစ်ကနေ ဒါရိုက်တာအဖြစ်ကို ကူးပြောင်းပြီး ပထမဆုံးအနေနဲ့ " တောက်ချလိုက်မယ် " ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဘယ်လိုအမိုက်စားပုံစံတွေဖန်တီးမယ်ဆိုတာတော့ ရင်ခုန်ချင်စရာပါပဲနော်။ 

ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားပြီး ပရိသတ်တွေကိုလည်း အမြဲတမ်းအပျော်တွေပေးတတ်တဲ့ ခင်လှိုင်တစ်ယောက် အမိုက်စားဆိုင်ကယ်ကြီးနဲ့ အပြတ်ဂေါ်နေတဲ့ပုံရိပ်တွေကို " ဂေါ်တယ်ဆိုတာဒီလိုလား " ဆိုပြီး ခပ်နောက်နောက်လေးရေးသားကာ လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အချိန်တိုင်းမှာ နုပျိုမှုတွေနဲ့ စိတ်ပျိုကိုယ်နုဖြစ်နေတဲ့ သရုပ်ဆောင် ဒါရိုက်တာ ခင်လှိုင်ရဲ့အမိုက်စားပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Khin Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။