ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေကြေဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိမ်းတိုက်မှုတွေထဲမှာ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကတော့ ဒီကနေ့မှာဖြစ်ပွားခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုကတော့ မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ပွဲချင်းပြီး သေဆုံးသူတွေနဲ့အတူ ထိခိုက်ဒဏ်ရာရရှိသူများစွာရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုကြီးကတော့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ဒီကနေ့ နေ့လည် ၂နာရီဝန်းကျင်လောက်က မြိတ်လေယာဉ်ကွင်းလမ်းတွင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတသက်ပြီး " ဂေါက်ကလပ်လမ်းဆုံဘက်မှ လေယာဉ်ကွင်းဘက်သို့ ယာဉ်မောင်း ဦးမြင့်စိုးမောင်းနှင်ပြီး ဦးအေးသန်း၊ ဦးရန်နိုင်ထိုက် နှင့် ဦးအေးသန့် လိုက်ပါလာတဲ့ Honda CRV အနက်ရောင်ကားဟာ လေယာဉ်ကွင်းလမ်းအားကစားပန်းခြံရှေ့အရောက်မှာ လေယာဉ်ကွင်းဘက်မှ ဂေါက်ကလပ်ဘက်သို့ ယာဉ်မောင်း ကိုဇင်ကိုစိုး မောင်းနှင်ပြီး ကိုငြိမ်းထွေး လိုက်ပါလာတဲ့ Nissan အဖြူရောင်က ဝင်တိုက်လိုက်ကြောင်း" ကနဦးသတင်းများအရသိရှိရပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုကြောင့် Honda CRV အနက်ရောင်ကားပေါ်လိုက်ပါလာသည့် ဦးအေးသန့်မှာ အခင်းဖြစ်သည့်နေရာတွင်ပဲ သေဆုံးသွားကြောင်းသိရပါတယ်။ စိတ်မကောင်းစရာဖြစ်စဉ်တစ်ခုဖြစ်ပြီး ဆိုးဆိုးရွားရွားထိခိုက်သေဆုံးမှုများစွာရှိခဲ့တဲ့ ဒီကနေ့ ဖြစ်စဉ်လေးကို မျှဝေရင်း ယာဉ်မောင်းညီအကိုများသတိပြုမောင်းနှင့်ကြဖို့ မျှဝေပေးလိုက်ပါတယ်။

Source - Moe Thet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။