ပရိသတ်ကြီးရေ.. ဂီတလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ အဆိုတော်စိုင်းစိုင်းခမ်းလှိုှုင်ကတော့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ထပ်မံသိမ်းပိုက်ဦးမှာပဲ ဖြစ်ပါတယ်..။

အားလုံးရဲ့အသည်းကျော် သရုပ်ဆောင်မင်းသမီးချောလေး ဖွေးစိန်နဲ့အတူ ရိုက်ကူးသရုပ်ဆောင်ထားတဲ့ “ရည်စားတစ်ဝမ်းကွဲ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေး ရိုက်ကူးထားပြီး မကြာခင်မှာပဲ ပရိသတ်တွေရဲ့ ရှေ့ကို ရောက်ရှိလာတော့မှာပါနော်..။

ရုံတင်မပြသမှီကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေနဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားတဲ့ သူတို့နှစ်ယောက်ရဲ့ ပြည်သူ့အချစ်တော်လေးနှစ်ယောက်ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာမယ့် ဒီဇင်ဘာ(၂၁)ရက်နေ့လေးမှာ ပရိသတ်တွေရှေ့ ရောက်ရှိလာမှာပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေစိတ်လှုပ်ရှားစွာ စောင့်စားနေကြတဲ့ “ရည်းစားတစ်ဝမ်းကွဲ” ရုပ်ရှင်ဇာတ်ကားလေးရဲ့ ဇာတ်ဝင်ခန်းအချို့ကိုလည်း ပရိသတ်တွေကို မျှဝေထားပြီး အခုတစ်ခါမှာလည်း နာမည်ကျော်သီချင်းဖြစ်တဲ့ Lonely သီချင်းလေးကို ဖွေးစိန်လေးတစ်ယောက် အမိုက်စားဆိုပြလိုက်ပြန်ပါတယ်နော်..။

Lonely သီချင်းလေးကို ချစ်စရာကောင်းလောက် အမိုက်စားဆိုပြလိုက်တဲ့ ဖွေးစိန်လေးနဲ့ စိုင်းစိုင်းတို့ရဲ့ ဇာတ်ဝင်ခန်းပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေကလည်း သဘောကျနေကြပြီး အချစ်ပိုနေကြရပြန်ပါပြီနော်..။

“ရည်စားတစ်ဝမ်းကွဲ” ရုပ်ရှင်ဇာတ်ကားလေးကတော့ လူငယ်ပရိသတ်တွေအကြိုက် အချစ်ရိုမန်တစ် ဟာသဇာတ်ကား တစ်ကားဖြစ်ပြီး အသဲယားစရာကောင်းအောင် ချစ်ဖို့ကောင်းတဲ့ ဖွေးစိန်ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပါးစပ်မစိအောင် တစ်ကားလုံး ရယ်နေရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်နော်..။

သူငယ်ချင်းလည်း မက ရည်စားလည်း မကျတဲ့ ဖွေးစိန်လေးနဲ့ စိုင်းစိုင်းတို့ရဲ့ “ရည်စားတစ်ဝမ်းကွဲ” ရုပ်ရှင်ဇာတ်ကားလေးကိုတော့ လာမယ့် ဒီဇင်ဘာ(၂၁)ရက်နေ့မှာ ရုံတင်ပြသတော့မှာမို့ အားပေးစောင့်မျှော်ရင်း လတ်တလောမှာောတ့ ဖွေးစိန်လေးရဲ့ Lonely သီချင်းလေးကို နားထောင်လိုက်ပါဦးနော်..။

Photo - ရည်းစားတစ်ဝမ်းကွဲ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။