ပရိတ်သတ်ကြီးရေ... အခု လတ်တလောမှာနာမည်အရမ်းကြီးနေတဲ့ရွှေအိမ်စည်ကို ပရိတ်သတ်ကြီးသိမှာပါ။ သူမဟာပိုလန်နိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ Miss Supranational နိုင်ငံတကာပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့အလှမယ်တစ်ဦးလည်းဖြစ်ပါတယ်။ Evening Gown Votingမှာ votingအများဆုံးနဲ့winnerဖြစ်ခဲ့ပြီး Royal Dinnerပွဲတက်ရောက်ခွင့်ရခဲ့ပေမယ့် Finalပွဲကြီးမှာတော့ ဇကာတင်အလှမယ် (၂၅) ဦးစာရင်းမှာသာပါဝင်ခွင့်ရခဲ့ပါတယ်။

ဒါပေမယ့်သူမအကောင်းဆုံးကြိုစားခဲ့တယ်ဆိုတာပရိတ်သတ်ကြီးမျက်မြင်ပဲဖြစ်တဲ့ အတွက်အိမ့်စည်ကိုချစ်သထက်ချစ်အားပေးသထက်အားပေးခဲ့ကြပါတယ်။ဒါပေမယ့် ဒီရက်ပိုင်းမှာ အိမ်စည်နဲ့ သူမအဖွဲ့အစည်းရဲ့ကြားမှာ ပရိတ်သတ်တွေနဲ့ပတ်သတ်ပြီး ပြဿနာအချို့ရှိခဲ့ပါတယ်။ ဒါကြောင့်သူမအဖွဲ့အစည်းဘက်ကလည်း ဖြေရှင်းသလို သူမဘက်ကလည်း အမှန်တရားတွေကိုပြောပြခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်သူမကိုအားပေးတဲ့ပရိတ်သတ်တွေကတော့လျော့မသွားဘဲ ချစ်မြဲချစ်ဆဲဖြစ်ပြီး သူမစိတ်ညစ်တာကိုမမြင်လိုကြောင်းအားပေးပြောဆိုခဲ့ကြပါတယ်။ အိမ်စည်ကလည်း စိတ်ဓာတ်ခိုင်မာတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် ပြဿနာကို ခေါင်းအေးအေးနဲ့ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သူမပျော်နေတာပဲ မြင်ချင်တယ်ဆိုတဲ့ ပရိတ်သတ်ကြီးတွေအတွက် အပြုံးလှလှလေးတွေပြုံးပြီးရိုက်ထားတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ထားပေးခဲ့ပါတယ်ပရိတ်သတ်ကြီးရေ.... 

Source : Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။